စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ အာဏာရှင်ကို ဆန့်ကျင်ဖို့အတွက် လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ပြတ်ပြတ်သားသား ရွေးခဲ့သူကတော့ မြောင်မြို့နယ်က ကိုနွေဦးပါ။
သူဟာ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) ရဲ့ တပ်ဖွဲ့တာဝန်ခံ တစ်ယောက်လည်း ဖြစ်ပါတယ်။
ကိုနွေဦးဟာ ပြီးခဲ့တဲ့ ၄ လအတွင်းမှာ အညာမြေ မြောင်မြို့နယ်ကနေ ရှမ်းမြောက် တောင်တန်းတွေအထိ စစ်မီးတောက်တွေကြားထဲမှာ ခရီးနှင်ခဲ့ပါတယ်။
ဒီခရီးစဉ်အတွင်း တွေ့ခဲ့ရတဲ့ စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွေရဲ့ လက်ရှိအခြေအနေ၊ တော်လှန်ရေးအဖွဲ့တွေကြားက စစ်ရေးချိတ်ဆက်မှုအပြင် ရှမ်းမြောက်မှာ တရုတ်ရဲ့ ကြားဝင်မှု ကြောင့် စစ်ကောင်စီ အသက်ရှူပေါက် ရသွားတာက အညာက တိုက်ပွဲတွေ အပေါ် ဘယ်လို ရိုက်ခတ်မှုရှိလဲဲ ဆိုတာနဲ့ စစ်ပွဲဒဏ်ကြောင့် ပြည်သူတွေ ဘာတွေကြုံတွေ့ ခံစားနေရလဲ ဆိုတာတွေကို မြေပြင်မှာ မျက်မြင် မြင်ခဲ့ရတဲ့ ကိုနွေဦးကို မြန်မာနောင်း သတင်းထောက် မသဇင်လှိုင် က ဆက်သွယ်မေးမြန်းထားပါတယ်။
ရိုက်ကူး/တည်းဖြတ်-မြတ်ကြီး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



