အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လှိုင်တွင် မဘသ၊ ဒလန်ဟု နာမည်ကျော်သူတစ်ဦး ပစ်သတ်ခံရ

ရန်ကုန်၊ လှိုင်မြို့နယ် ၁၃ ရပ်ကွက်တွင် ယနေ့(ဇွန်၂၃) နံနက် ၆နာရီခွဲခန့်က သတင်းပေး(ဒလန်)ဟု နာမည်ကျော်သူတစ်ဦး ပစ်သတ်ခံရပြီးနောက်ပိုင်းမြင်ကွင်းများကို Facebook တွင် တင်ခဲ့သည့် ရပ်ကွက်နေလူငယ်များထဲမှ အနည်းဆုံး ၆ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က အတည်ပြုသည်။

အပစ်ခံရသူမှာ အစွန်းရောက်လှုပ်ရှားမှုများပြုလုပ်လေ့ရှိသည့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)၏ စုရပ်ဟု ရပ်ကွက်အတွင်း လူသိများသည့် အရုဏ်ဦးလက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကျော်အေးဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

နေအိမ်မှ ဆိုင်သို့အသွား မာလာလမ်းနှင့် ဆည်လမ်းထောင့်တွင် ပစ်ခတ်ခံရပြီး ထိုနေရာတွင်ပင် သေဆုံးသွားခြင်းဖြစ်သည်။

“ဖောက် ဖောက် ဆိုပြီး အသံကြားရတယ်။ အသံကြားကြားချင်း ထွက်ကြည့်တော့ ဘယ်သူမှ မရှိတော့ဘူး။ အနီးကပ်ကို ရင်ဘတ်ကို တေ့ပစ်သွားတာ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပစ်ခတ်မှုဖြစ်စဉ်အပြီး များမကြာမီ စစ်သား ၂၀ ခန့် ရပ်ကွက်အတွင်းသို့ ဝင်ရောက်လာပြီး အမျိုးသမီးသုံးဦးနှင့် အမျိုးသားသုံးဦးကို ဖမ်းဆီးသွားကြောင်း ၎င်းက ဆက်ပြောသည်။

ဦးကျော်အေးကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ရပ်ကွက်နေပြည်သူ ၂၀ ကျော် ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးလှဝင်းဆိုသူမှာလည်း မေလကုန်ပိုင်း၌ တိမ်းရှောင်သွားပြီဖြစ်၍ လတ်တလောတွင် အုပ်ချုပ်နေသူမရှိကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူတချို့၏ ပြောပြချက်အရ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ငါးလနီးပါးရှိလာချိန်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် သတင်းပေးဟု နာမည်ကျော်သူများ သတ်ဖြတ်ခံရသည့်ဖြစ်စဉ်များ နိုင်ငံအနှံ့ ပေါ်ပေါက်လာနေပြီး ရန်ကုန်တိုင်းတစ်ခုတည်း၌ပင် အုပ်ချုပ်ရေးမှူး အနည်းဆုံး ၉ဦး သေဆုံးခဲ့ပြီးဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button