အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဒါရိုက်တာ အိပ်မက်ကို ကျောခိုင်းပြီး စစ်သင်တန်းနည်းပြ ဖြစ်လာသူ – ရဲဘော်အာယုရဲ့ တော်လှန်ရေးခရီး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်၊ အခွင့်အလမ်းနဲ့ မျှော်လင့်ချက်အနာဂတ်တွေအားလုံး ပျက်စီး၊ ဆုံးရှုံးခဲ့ရတဲ့ မြောက်များစွာသော မြန်မာလူငယ်တွေထဲမှာ ကိုအာယုလည်း အပါအဝင် ဖြစ်ပါတယ်။ 

ကိုအာယုဟာ ၂၀၂၁ စစ်အာဏာမသိမ်းခင်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကိုယ်ပိုင် တွင်ခုံလုပ်ငန်းနဲ့ အောင်မြင်နေတဲ့ လူငယ်လုပ်ငန်းရှင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရလက်ထက်က ဗန်းမော်မြို့ဝန်းကျင်မှာ အမှိုက်လိုက်ကောက်တာ၊ အမှိုက်ပုံရှင်းတာတွေကို အွန်လိုင်းကတဆင့် Challenge ခေါ် လှုံ့ဆော်ပြီး မြို့ရွာသန့်ရှင်းရေးအတွက် ကိုယ်တိုင်ဦးဆောင်ခဲ့တာကြောင့် ကိုအာယုကို အဲ့ဒီကာလကတည်းက လူသိများခဲ့ပါတယ်။ 

အဲ့ဒီကာလမှာ သူဟာ ဝါရင့် ဒါရိုက်တာ နဲ့ ဝါရင့် သရုပ်ဆောင်တွေဆီမှာ သင်တန်းတက်ပြီး သူ့ရဲ့ အနာဂတ် အနုပညာခရီးကို အိပ်မက်ကြီးကြီးမက်ခဲ့သူလည်း ဖြစ်ပါတယ်။ 

၂၀၂၁မှာ အာဏာသိမ်းမှုဆန့်ကျင်သူ လက်နက်မဲ့ပြည်သူတွေကို စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်ခဲ့တဲ့နောက် ကိုအာယုဟာ သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ တွင်ခုံလုပ်ငန်းနဲ့ သူဝါသနာပါတဲ့ ဒါရိုက်တာအိပ်မက်ကိုလည်း ကျောခိုင်းလိုက်ပါတယ်။ 

ရှေ့တန်းစစ်မြေပြင်တွေမှာ အတွေ့အကြုံရှိသူ အသက် ၂၅နှစ်အရွယ် PDF ရဲဘော် ကိုအာယုဟာ အခုတော့ စစ်သင်တန်းနည်းပြတစ်ယောက် ဖြစ်နေပါပြီ။ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရုံသာမက လက်နက်ကိုင်တော်လှန်ဖို့ ရွေးချယ်ခဲ့တဲ့ မြန်မာနိုင်ငံက လူငယ်ထောင်ပေါင်းများစွာထဲက တစ်ယောက်ဖြစ်တဲ့ ကိုအာယု အကြောင်း ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။ 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button