အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြည်ခိုင်ဖြိုးနှင့် ပါတီဝင်များကို တိုက်ခိုက်မှု 

အာဏာသိမ်းစစ်ကောင်စီ၏ အကြီးမားဆုံးသော မဟာမိတ်အဖွဲ့မှာ စစ်တပ်က ဖွဲ့စည်းထူထောင်ပေးခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြစ်သည်။ 

အာဏာသိမ်းမှုကို ဆန့်ကျင်သူများ ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက်ပိုင်း အနယ်နယ်အရပ်ရပ်မှ လူထု၏ ခုခံတိုက်ခိုက်မှုများ ပေါ်ပေါက်လာရာ ပြည်ခိုင်ဖြိုးပါတီဝင်များလည်း တိုက်ခိုက်ခံနေရသည်။

ပါတီဝင် အယောက် ၄၀ ကျော်ခန့်မှာ မကြာသေးမီက ဒလန်ဟု စွပ်စွဲ၊ လုပ်ကြံသတ်ဖြတ်ခံရသဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းက ပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုနောက်ပိုင်း ပါတီဝင်များလုပ်ကြံခံရမှု၊ ပါတီအဆောက်အအုံတိုက်ခိုက်ခံရမှု ဖြစ်စဉ်များကို ဖော်ပြလိုက်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဧပြီ ၁၆ – ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ပါတီရုံးတွင် အသံဗုံး ၁ လုံး ကွဲသည်။

ဧပြီ ၂၅ – မွန်ပြည်နယ်၊ ရေးမြို့နယ် ပါတီဝင်တစ်ဦး၏ ခြံအတွင်း စနက်တံဖြုတ်ထားသည့် လက်ပစ်ဗုံး ၁ လုံးနှင့် လက်လုပ်မိုင်း ၂ လုံး တွေ့ရှိသည်။

ဧပြီ ၂၈ – မန္တလေး၊  ချမ်းအေးသံစံမြို့နယ်ရှိ ပါတီတိုင်းရုံးဝင်းအတွင်း လက်လုပ်ဗုံးပေါက်ကွဲသည်။

မေ ၃ – မန္တလေး၊  ပြည်ကြီးတံခွန်မြို့နယ်ပါတီရုံး မီးလောင်သည်။

မေ ၁၀ – ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်မောင်ကို သေနတ်သမား ၃ ဦးက ပစ်ခတ်လုပ်ကြံသည်။

မေ ၁၁ –  မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရုံး ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ခံရသည်။

မေ ၁၂ – ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ရွေးကောက်ပွဲ၀င်ခဲ့သူ Pu Phir Maung နေအိမ်တွင် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရသည်။

မေ ၁၇ – မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပါတီခရိုင်ရုံးတွင် လက်လုပ်အသံဗုံးပေါက်ကွဲသည်။

မေ ၂၇ – မွန်ပြည်နယ်။ ဘီးလင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေ ပစ်သတ်ခံရသည်။ 

မေ ၂၇ –  မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပါတီရုံးဘေး ပေါက်ကွဲမှုဖြစ်သည်။

မေ ၃၀ – မကွေးတိုင်း ပေါက်မြို့နယ် ပါတီစည်းရုံးရေးမှူး ပစ်ခတ်ခံရသည်။  

မေ ၃၀ – စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ ပါတီဝင် ဦးအုန်းခိုင် ပစ်သတ်ခံရသည်။

ဇွန် ၁ – ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် အုံးခုံရွာမှ ပါတီဝင်တစ်ဦး ပစ်သတ်ခံရသည်။  

ဇွန် ၁ – ဧရာဝတီတိုင်း၊ အသုတ်မြို့မှ ပါတီဝင် ဦးဝင်းကို၏ နေအိမ် ဗုံးပေါက်ကွဲသည်။

ဇွန် ၆ – ရန်ကုန်၊ သာကေတမြို့နယ် ပါတီဝင်အမတ်လောင်း၏ နေအိမ် ဗုံးပေါက်ကွဲသည်။ 

ဇွန် ၉ – ပဲခူးတိုင်း ပြည်မြို့မှ မြို့နယ်စည်းရုံးရေးမှူး ကိုဝကြီး ပစ်သတ်ခံရသည်။  

ဇွန် ၁၀ – ရန်ကုန်၊ ဗိုလ်တထောင်ဘုရားအနီး ဆိပ်ကမ်းမြို့နယ်အမတ်ဟောင်း ဦးနေမျိုးအောင် ပစ်သတ်ခံရသည်။  

ဇွန် ၁၃ – ရန်ကုန်၊  စမ်းချောင်းမြို့နယ် ဗဟိုလမ်းရှိ ပါတီဝင်တစ်ဦး၏ ခေတ်ဆန်သူလ္ဘက်ရည်ဆိုင် ဗုံးပေါက်ကွဲပြီး နှစ်ဦးဒဏ်ရာရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button