အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မလေးရှားမှာ မြန်မာအလုပ်သမားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးတဲ့ မလေးရှားအာဏာပိုင်တွေရဲ့ ‘အော်ပရာစီ’ စီမံချက်ကြောင့် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း မြန်မာနိုင်ငံသားတွေ ရာနဲ့ချီပြီး ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားရောက် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ မြန်မာအလုပ်သမားတွေ အများဆုံးလုပ်ကိုင်နေတဲ့ စျေးတွေနဲ့  နေအိမ်တွေကို မလေးရှားအာဏာပိုင်တွေက နိုဝင်ဘာ  ၂၈ ရက်မှာ စီးနင်း ရှာဖွေခဲ့ပြီး တစ်ရက်အတွင်း မြန်မာနိုင်ငံသား အယောက် ၅၀၀ ဝန်းကျင် ဖမ်းမိသွားတယ်လို့ သိရပါတယ်။ 

အရင်နဲ့မတူဘဲ အခုအကြိမ် စီးနင်းမှုမှာ မလေးရှားအာဏာပိုင်တွေက အရပ်ဝတ်တွေနဲ့ အသွင်ယူပြီး ရိုက်နှက်တာတွေအထိလုပ်ခဲ့တယ်လို့ ဖမ်းဆီးမှု အခြေအနေကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေက ပြောပြပါတယ်။ 

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ UN ကတ်လို့ ခေါ်တဲ့ UNHCR ရဲ့ ဒုက္ခသည် အထောက်အထားကတ် ကိုင်ဆောင်ထားသူတွေဟာ ပြန်လည် လွတ်မြောက်နိုင်ပေမဲ့လည်း အထောက်အထားမရှိသူတွေက မြန်မာနိုင်ငံဘက် ပြန်ပို့ခံရဖွယ်ရှိပါတယ်။ 

မလေးရှားအစိုးရအနေနဲ့ လက်ရှိမှာ မြန်မာနိုင်ငံက တရားဝင် လုပ်သားခေါ်ယူမှုကို ပိတ်ထားသလို အလုပ်လုပ်ကိုင်ခွင့် ကတ်လုပ်ပေးတဲ့ အစီအစဉ်ကိုလည်း ရပ်ဆိုင်းထားပါတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အလုပ်အကိုင်ရှားပါးမှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံအပြင် မလေးရှားနိုင်ငံကိုလည်း တရားမဝင်လမ်းကြောင်းကနေ မြန်မာနိုင်ငံသား အများအပြား သွားရောက်အလုပ်လုပ်ကိုင်နေကြရပါတယ်။ 

မလေးရှားနိုင်ငံမှာ မြန်မာရွေ့ပြောင်းအလုပ်သမားဦးရေ ၅သိန်းထက်မနည်း ရှိနေပြီး ဒီ့ထက်လည်း များနိုင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ 

ကိုလှိုင်း/ Myanmar Now 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button