အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်သားတွေ လက်နက်ချတဲ့ နတ်ရေကန်ဗျူဟာကုန်း စစ်ရေးအခြေအနေ

ရခိုင်ရိုးမ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး အထိုင်ချစခန်းဟာ စစ်ရေးအရ အရေးပါသလို  အာရက္ခတပ်တော် AA အနေနဲ့ မကွေးတိုင်းထဲ ထိုးဖောက်ဝင်ရောက်ဖို့ စစ်တပ်ရဲ့ နောက်ဆုံးခံတပ်ဗျူဟာကုန်းလည်း ဖြစ်ပါတယ်။ 

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာစခန်းမှာ စစ်တပ်ဘက်က အင်အားရာနဲ့ချီတပ်စွဲထားပြီး၊ ဒီစခန်းကုန်းကိုရဖို့ AA နဲ့ မဟာမိတ်တပ်တွေက အခုနှစ် ဖေဖော်ဝါရီလကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ 

စခန်းကုန်းကို အပြီးသတ်သိမ်းနိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။ 

AA နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေဘက်က ကာကင်းအများစုကို သိမ်းပိုက်နိုင်ပေမယ့် စခန်းကုန်းမကျရေးအတွက် စစ်တပ်ဘက်က လေကြောင်း၊ လက်နက်ကြီးတွေ အများအပြားနဲ့ ခုခံနေတာလို့ သိရပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နတ်ရေကန်စခန်းကုန်းဆီ စစ်ကူလာတဲ့ စစ်ကြောင်းတွေကို နှစ်လကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှာ စစ်သုံ့ပန်း ၂၆ယောက် အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရခဲ့တယ်လို့ အဲ့ဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ချင်းကာကွယ်ရေးတပ်(အရှို) က ထုတ်ပြန်ပါတယ်။ 

နတ်ရေကန်စခန်းသိမ်းတိုက်ပွဲ စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ချင်းကာကွယ်ရေးတပ်(အရှို)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။ 

ကိုလှိုင်း/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button