အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

နေရပ်ပြန်လိုက်၊ ပြန်ပြေးလိုက်နဲ့ သံသရာလည်နေတဲ့ မြဝတီတောင်ဘက်က စစ်ရှောင်တွေ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်မျဉ်းအနီး သောင်ရင်းမြစ်ဘေးက နေရာတွေမှာ စစ်ဘေးရှောင်ဖို့ ဒေသခံတွေ နေ့စဉ်ရောက်လာနေပါတယ်။ 

ကော့ကရိတ်-မြဝတီ အာရှလမ်းမကို အာဏာသိမ်စစ်တပ်က ပြီးခဲ့တဲ့ စက်တင်ဘာ ၆ရက်နေ့မှာ  ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် မြဝတီမြို့တောင်ဘက်ခြမ်းကို စစ်ရေးလှုပ်ရှားမှုတွေ တဖြည်းဖြည်း တိုးချဲ့လာပါတယ်။

ဒီလို အခြေအနေတွေကြောင့် တကျော့ပြန် တိုက်ပွဲတွေပြင်းထန်လာမှာကို စိုးရိမ်နေကြတဲ့ ဒေသခံထောင်ချီဟာ စက်တင်ဘာ ၇ရက်နေ့ နောက်ပိုင်းကစပြီး ဘေးလွတ်ရာကို  တိမ်းရှောင်လာကြတာပါ။

လုပ်လက်စ စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုင်ဆိုင်တဲ့ အိုးအိမ်ပစ္စည်းတွေကို ထားခဲ့ရပြီး အရေးပေါ် ထွက်ပြေး၊ တိမ်းရှောင်လာရတာကြောင့် အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ စစ်ရှောင်လာရသူတွေက ပြောပါတယ်။

နေရပ်စွန့်ခွာ တိမ်းရှောင်လာကြရတဲ့  ဒေသခံတွေဟာ မြ၀တီမြို့နယ် လေးကေကော်မြို့သစ် ပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံအများစု ဖြစ်ကြပါတယ်။ 

၂၀၂၁ နှစ်ကုန်ပိုင်းကနေ အခုထိဆိုရင် သူတို့ထွက်ပြေးတိမ်းရှောင်ရတာ ၃ကြိမ် ရှိပါပြီ။ 

သတင်း – ကိုလှိုင်း၊ ရိုက်ကူး – Metro

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button