အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးအထွေထွေတပ်ပေါင်းစုသပိတ် ဖြိုခွဲခံရပြီး ၁၁ ဦး အဖမ်းခံရ

အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒပြနေသော မန္တလေးအထွေထွေတပ်ပေါင်းစုသပိတ် ယနေ့ (ဧပြီ ၁၉) နံနက်က ဖြိုခွဲခံရပြီး ၁၁ ဦး အဖမ်းခံရသည်။ 

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်အတွင်း သပိတ်စတင်ချိန် မနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရဲကား၊ စစ်ကား ၇ စီး ရောက်ရှိလာပြီး သပိတ်စစ်ကြောင်းရှေ့ဆုံးမှ လူတစ်ဦးကို ကားဖြင့်တိုက်ကာ ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများ သုံးကာ ဖြိုခွဲခဲ့ပြီး သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ယင်းသပိတ်စစ်ကြောင်းတွင် ပါဝင်သူ ဗကသအဖွဲ့ဝင် ကျောင်းသားတစ်ဦး ပြောသည်။

“ကားနဲ့တိုက်ခံရသူက ဒဏ်ရာရတယ်။ တခြားသူတွေ ထိခိုက်မိတာတော့ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။

ဖမ်းခံရသူ ၁၁ ဦးအနက် လေးဦးမှာ အမျိုးသမီးများဖြစ်ကြသည်ဟု သပိတ်တွင် ပါဝင်သူများက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မန္တလေးတွင် ဒေါင်းစစ်သည်သပိတ်စစ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများသပိတ်စစ်ကြောင်း၊ ပညာရေးသပိတ်စစ်ကြောင်း၊ အလုပ်သမားလယ်သမားစစ်ကြောင်း၊ မန္တလေးတက္ကသိုလ်သပိတ်စစ်ကြောင်း၊ ဘုရားကြီးသပိတ်စစ်ကြောင်း၊ အထက(၇)ကျောင်းသားများသပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်းများ အသီးသီးပူးပေါင်းကာ တပ်ပေါင်းစုသပိတ်စစ်ကြောင်းအဖြစ် စစ်အာဏာရှင်ကို နေ့စဉ် တော်လှန်နေကြသည်။

ယနေ့မနက်တွင် အလားတူပင် မန္တလေး ၆၆ လမ်း၊ ၄၀ လမ်း၌ စစ်အာဏာရှင်တော်လှန်ရေးဆိုင်ကယ်သပိတ်ကို စစ်ကောင်စီတပ်က ကားဖြင့်တိုက်ကာ ဖြိုခွဲခဲ့သည်။ ဒဏ်ရာရသူနှင့် ဖမ်းဆီးရမိသည့် အခြေအနေကို Myanmar Now က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၁၅ ကလည်း မန္တလေးမြို့ကျန်းမာရေးမိသားစုသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်များက အကြမ်းဖက်ဖြိုခွင်းရာ ၁၆ ဦးထက်မနည်း အဖမ်းခံရသည်။

မန္တလေးတွင် သေနတ်သမားတို့က သပိတ်စစ်ကြောင်းများကို ဖြိုခွင်းပစ်ခတ်ခြင်းသာမက ညအချိန်တွင် လူနေရပ်ကွက်များအတွင်း ပစ်ခတ်ခြောက်လှန့်ကာ ဖမ်းဆီးခြင်းများရှိနေသည်။

ယင်းသို့ စစ်ကောင်စီက နေ့မအားညမနား ပြုလုပ်နေသော်လည်း မန္တလေးပြည်သူတို့၏ စစ်အာဏာရှင်တော်လှန်ရေး နေ့သပိတ်ညသပိတ်များက အားကောင်းနေဆဲဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button