အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး KBC အသင်းတော် ၄၀၀ ကျော် ဧပြီတစ်လလုံး ဆုတောင်းမည်

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆုတောင်းမှုကို နေ့စဉ်ပြုလုပ်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော် ၄၀၀ ကျော်အား ဆော်ဩထားကြောင်း KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆန်ဆွန်က ပြောသည်။

အဆိုပါ ဆုတောင်းမှုကို ဧပြီ ၁ရက်မှစ၍ အထူးအစီအစဉ် အနေဖြင့်  ပြုလုပ်နေပြီး  လကုန်အထိ နေ့စဉ် နံနက်တိုင်း ဆောင်ရွက်သွားမည်ဟု ၎င်းက ရှင်းပြသည်။

“ပုံမှန်ကတော့ တနင်္ဂနွေနေ့ပဲ ဆုတောင်းတာ။ အခု ဗမာပြည်ရဲ့ အကျပ်အတည်းကြောင့် ပုံမှန်မဟုတ်ဘဲနဲ့ အထူးပေါ့ မနက်တိုင်း ၇နာရီ ဆုတောင်းဖို့ အသင်းတော်တိုင်းမှာ ကျွန်တော်တို့က ဆော်ဩထားတာ။ အသင်းတော်တိုင်းက ၇နာရီမှာ စုဖွဲ့ပြီး မှ ဆုတောင်းပြီးဖော်ပြကြတာ” ဟု ဒေါက်တာခလမ်ဆန်ဆွန်က ပြောသည်။

တနင်္ဂနွေ နှစ်ပတ်ကို အစာရှောင်ပြီးမှ ဆုတောင်းရန် လည်း ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆုတောင်းရသည့်ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံ၌ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေး၊ ငြိမ်းချမ်းလွတ်လပ်ပြီးတန်းတူရည်တူတရားမျှတသည့် တိုင်းပြည်ဖြစ်စေရေး၊ မည်သည့်အာဏာရှင်မှ မပေါ်ပေါက်စေရေး၊ တိုင်းရင်းသားအားလုံး အတူယှဉ်တွဲနေထိုင်နိုင်ရေးတို့ဖြစ်သည်ဟု KBC  က ပြောသည်။

” တစ်ဖက်က ပြောမယ်ဆိုရင်လည်း ဒါ ဒီနေ့ ကျွန်တော်တို့ ဗမာပြည်မှာ ရှိတဲ့ လူထုအားလုံးရဲ့ဆန္ဒ သဘောထားနဲ့ တစ်ထပ်တည်းရှိတယ်ဆိုတဲ့ဖော်ပြချက်တွေပါပဲ”ဟု ဒေါက်တာခလမ်ဆန်ဆွန်က ပြောသည်။

ကချင်တိုင်းရင်းသားသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် အများဆုံးနေထိုင်ကြပြီး မန္တလေးတိုင်း၊ ရန်ကုန်တိုင်းတို့တွင်လည်း နေထိုင်ကြသည်။

KBC တွင် အသင်းသား လေးသိန်းကျော်၊ အသင်းတော် ၄၃၀ကျော်နှင့် ဇုန်နယ် ၁၉ ခု ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button