အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တရုတ်ပိုင် တကောင်းနီကယ်စက်ရုံကို PDF သိမ်းပိုက်၊ NUG နှင့် တရုတ် စက်ရုံအနာဂတ်အတွက် ဆွေးနွေးနေ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် တကောင်းနီကယ်စက်ရုံကို တော်လှန်ရေးအင်အားစုများက ဇူလိုင်လကပိုင်းတွင် သိမ်းပိုက်လိုက်ပြီးနောက် စက်ရုံအနာဂတ်အတွက် NUG နှင့် တရုတ်နိုင်ငံကြား ဆွေးနွေးမှုများ လုပ်နေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။ စီမံကိန်းဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်မှာ လက်နက်ချရန် ဇူလိုင်လကုန်ပိုင်းက တော်လှန်ရေးအင်အားစုများထံ ကမ်းလှမ်းလာခဲ့ပြီး ထွက်ခွာနိုင်ရန် PDF များက လုံခြုံရေးယူပေးခဲ့သည်။ စစ်တပ်ဆုတ်ခွာပြီးနောက် တော်လှန်ရေးအင်အားစုများက ထိုဒေသတွင် လုံခြုံရေးယူပေးနေသည်ဟု ဆိုသည်။ စီမံကိန်းဧရိယာ ဧက ၃၀၀၀ ကျော် ကျယ်ဝန်းသည့် တကောင်းနီကယ်စီမံကိန်းကို တရုတ်နိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီ China Nonferrous Metal Mining and Construction နှင့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းတို့ ၂၀၀၈ ခုနှစ်ကစတင်ပြီး နှစ် ၂၀ သက်တမ်းဖြင့် စာချုပ်ချုပ်ဆို လုပ်ကိုင်နေခြင်းဖြစ်သည်။ နီကယ်သတ္တုဓာတ်ပမာဏ ပါဝင်မှု တန်ချိန် သန်း ၃၀ ကျော်ရှိပြီး နီကယ်ပါဝင်မှုနှုန်းမှာ ပျမ်းမျှ ၂ ရာခိုင်နှုန်းဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော် ရင်းနှီးမြှုပ်နှံထားသည့် ထိုစီမံကိန်းမှ တစ်နှစ်လျှင် ဖီရိုနီကယ် တန်ချိန် ၈၅၀၀၀ ကျော် ထုတ်ယူရန် လျာထားခဲ့သည်။ ဩစတြေးလျအခြေစိုက် Publish What you pay အဖွဲ့၏ ၂၀၂၁ အောက်တိုဘာက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ စစ်တပ်ထံ ဒေါ်လာသန်းနှင့်ချီ ငွေကြေးစီးဝင်နေသည့် သတ္တုတူးဖော်မှုလုပ်ငန်း ၃ ခုအနက် တကောင်းနီကယ်စီမံကိန်းမှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂၁ သန်း စီးဝင်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles