အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ပညာရေး

ကျောင်းအပ်ခ ပိုကောက်သည်ဟု တိုင်ကြားခံရသည့် လားရှိုးနည်းပညာတက္ကသိုလ်ကို စစ်ဆေးမည်

ရန်ကုန် – ကျောင်းသားတစ်ဦးလျှင် အစိုးရသတ်မှတ်ထားသည့် ကျောင်းအပ်ခထက် ကျပ် ၁၅,၀၀၀ နီးပါး ပိုမိုကောက်ခံသည်ဟု စွပ်စွဲခံထားရသည့် လားရှိုးနည်းပညာ တက္ကသိုလ်မှ တာဝန်ရှိသူများကို ဌာနတွင်းစုံစမ်းစစ်ဆေးရေး ပြုလုပ်မည်ဟု နေပြည်တော်ရှိ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

အင်ဂျင်နီယာလောင်း ၁၀၀၀ နီးပါး ပညာသင်ကြားနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးနည်းပညာ တက္ကသိုလ်တွင် ဗလာစာအုပ်၊ ပြက္ခဒိန်၊ ကျောင်းသားကတ်၊ ဖောင်ကြေး၊ ရင်ထိုး၊ မဂ္ဂဇင်း စသည့် ခေါင်းစဉ်များဖြင့် အပိုကြေးများ ကောက်ခံနေကြောင်း လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ စိုင်းကျော်ဇောဟန်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အဆိုပါပြဿနာကို စုံစမ်းစစ်ဆေးရန် ပြင်ဆင်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးသွားပါပြီ။ လားရှိုးကျောင်းအုပ်က အတင်းအကျပ် ကောက်ခံတဲ့ကိစ္စက ဟုတ်မဟုတ်ဆိုတာ DE (ဌာနတွင်းစုံစမ်းစစ်ဆေးရေး) အဆင့် သွားမှာပါ။ PE (ကနဦး စုံစမ်းစစ်ဆေးခြင်း) မဟုတ်ပါဘူး။ စုံခုံအဖွဲ့နဲ့ စစ်ဆေးသွားမှာပါ” ဟု အဆင့်မြင့် ပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကပြောသည်။

အစိုးရသတ်မှတ်သည့် ကျောင်းလခနှင့် အခြားကုန်ကျစရိတ်မှာ ၃၆,၅၀၀ ဖြစ်ပြီး လားရှိုးနည်းပညာတက္ကသိုလ်တွင် ၅၁,၀၀၀ အထိပေးနေရသည်ဟု သမဂ္ဂဥက္ကဋ္ဌ စိုင်းကျော်ဇောဟန်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျွန်တော်တို့က ပညာရေးဝန်ကြီးဌာနက ဒေါက်တာသိန်းဝင်းနဲ့လည်း ငါးကြိမ်လောက်တွေ့ဖူးတယ်။ မနှစ်ကလည်း ကျွန်တော်တို့ ကျောင်းမှာ Project ငွေကောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားခဲ့တယ်။ ပြီးတော့ တွေ့ဆုံဆွေးနွေးပွဲတွေမှာ စာနဲ့ပေနဲ့ လက်မှတ်ထိုးပြီး လုပ်ပေးမယ်ပြောပြီး ဘာတစ်ခုမှ ဖြစ်မလာဘူး” ဟု ၎င်းကပြောသည်။

ကျောင်းသားများ၏ ပြဿနာကို ပညာရေးဝန်ကြီးဌာနက မျက်ကွယ်ပြုနေသည်ဟုလည်း ၎င်းက စွပ်စွဲခဲ့ပြီး နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးရှေ့တွင် ဒီဇင်ဘာ ၂၄တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့သေးသည်။

ကျောင်းရန်ပုံငွေအတွက် ဗလာစာအုပ်၊ ပြက္ခဒိန်၊ ကျောင်းသားကတ်၊ ဖောင်ကြေး၊ ရင်ထိုး၊ မဂ္ဂဇင်းများ  ရောင်းချခြင်းကြောင့် ကျောင်းသားများ အစိုးရသတ်မှတ်နှုန်းထက် ငွေပိုပေးရခြင်းဖြစ်ပြီး ယင်းငွေများကို ကျောင်းရန်ပုံငွေအတွက်သာအသုံးပြုကြောင်း၊ မဝယ်မနေရ စနစ်ဖြင့် ရောင်းချခြင်းမဟုတ်ဘဲ ဝယ်ယူရန် ငြင်းဆိုသည့် ကျောင်းသားများကိုလည်း ကျောင်းအပ်ခွင့်ပေးကြောင်း လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းအုပ်ဒေါက်တာအောင်မျိုးလင်းက ပြောသည်။

“ကျွန်တော်တို့က ၁၄,၅၀၀ (ကျပ်) များတာပေါ့ဗျာ၊ များရတဲ့အကြောင်းရင်းကလည်း ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေ လုပ်ဖို့ဆိုရင် ရန်ပုံငွေလိုအပ်တယ်ပေါ့ဗျာ။ ကျောင်းရဲ့ Constitution (အခြေခံပြဋ္ဌာန်းချက်) မှာတော့ ကျောင်းသားကြေး ၁၀,၀၀၀ ဆိုပြီး ပါတယ်ဗျ”ဟု ၎င်းက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles