အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရိုက်တာသတင်းထောက်များ၏ အယူခံ လက်ခံသင့်မသင့် ၂၀၁၉ ဇန်နဝါရီတွင် ဆုံးဖြတ်မည်

ရန်ကုန်နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ချထားသည့် ရိုက်တာသတင်းထောက်များ၏ အမှုကို ပြန်လည်ကြားနာရန် သင့်မသင့်ကို ရန်ကုန်တိုင်းလွှတ်တော်က ၂၀၁၉ ဇန်နဝါရီတွင် အဆုံးအဖြတ်ပေးမည်ဟု သတင်းထောက်များ၏ ရှေ့နေကပြောသည်။

အသက် ၃၂ နှစ်အရွယ် ကိုဝလုံးနှင့် အသက် ၂၈ နှစ်အရွယ် ကိုကျော်စိုးဦးတို့အား နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ / () ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးက စက်တင်ဘာလဆန်းတွင် ထောင် နှစ် ချခဲ့ခြင်းဖြစ်သည်။

အယူခံကို တိုင်းတရားလွှတ်တော်က လက်မခံပါက နေပြည်တော်ပြည်ထောင်စု တရားလွှတ်တော်ချုပ်အထိ တက်ရန်ဆုံးဖြတ်ထားသည်ဟု အယူခံအမှုကို ရန်ကုန်တိုင်းတရားလွှတ်တော်တွင် ယနေ့စတင်ကြားနာသည့်တရားခွင်အပြီး ရိုက်တာသတင်းထောက်များ၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

မူလအမှုစစ်တရားရုံးရဲ့ လွဲမှားမှုတွေကို အယူခံတရားရုံးကနေ သေချာသုံးသပ်ပြီးတော့ ဝလုံးနဲ့ ကျော်စိုးဦးတို့ကို လွတ်မြောက်ဖို့အတွက် သူတို့ဆုံးဖြတ်ပေးနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်ဟု ၎င်းကပြောသည်။

ယနေ့တရားခွင်တွင် သတင်းထောက်များထံမှ တွေ့ရှိသည်ဆိုသည့် စာရွက်စာတမ်းများအကြောင်း ရဲ၏ထွက်ဆိုချက်နှင့် တရားခွင်အတွင်းထွက်ဆိုချက် ကွဲပြားပုံကို အဓိက လျှောက်ထားခဲ့ကြောင်း ၎င်းကပြောသည်။

ရိုက်တာသတင်းထောက်များအား အင်းစိန်ထောင်တွင်း ထိန်းသိမ်းထားပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်ကြောင်း ဒီဇင်ဘာလ ဒုတိယအပတ်အတွင်းက ထောင်ဝင်စာ သွားတွေ့ခဲ့သည့် မိသားစုများကပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button