အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီကို ထပ်ပိတ်ဆို့ကြရန် ကမ္ဘာ့အလုပ်သမားသမဂ္ဂ တောင်းဆို

စစ်ကောင်စီ ၃ နှစ်ပြည့်ချိန်တွင် ဥရောပက ပေးထားသည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး၊ အထည်ချုပ်ကဏ္ဍကူညီရေးတို့ကို ရုပ်သိမ်းချိန်တန်ပြီဟု ကမ္ဘာ့အလုပ်သမားသမဂ္ဂက လှုံ့ဆော်လိုက်သည်။

ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ဖြေလျှော့ပေးထားသည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး၊ မြန်မာအထည်ချုပ်ကဏ္ဍ ပံ့ပိုးရေးစီမံကိန်း (MADE) တို့ကို ရုပ်သိမ်းရန် ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ (IndustriALL Global Union – IGU) က အာဏာသိမ်း ၃ နှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ တွင် တောင်းဆိုထားသည်။

၂၀၁၃ ခုနှစ်တွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ဖော်ဆောင်လာမှုကို အသိအမှတ်ပြုသည့်အနေဖြင့် လက်နက်ရောင်းဝယ်မှုမှအပ ကျန်စီးပွားရေး ဆက်သွယ်မှု အရောင်းအဝယ်များ ဆက်ထားရန် အဆိုပါ အထူးအခွင့်အရေးကို ခွင့်ပြုခဲ့သည်။

သို့သော် အာဏာသိမ်း ၃ နှစ်ပြည့်ချိန်တွင်မူ ယခင်အခြေအနေများနှင့် သိသာစွာ ပြောင်းပြန်ဖြစ်သွားခြင်းကြောင့် ထိုအခွင့်အရေးမပေးတော့ရန် IGU က တောင်းဆိုခြင်းဖြစ်သည်။

ဥရောပသမဂ္ဂက ထောက်ပံ့သည့် ယူရို ၃ သန်းဖြင့် ပူးပေါင်းဖော်ဆောင်ပေးမည့် M​ADE in Myanmar အစီအစဉ်တွင်အလုပ်သမားအရေး ဆောင်ရွက်သည့်အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများကို ပံ့ပိုးရန်၊ အလုပ်သမားများ၏တောင်းဆိုမှုများကို ဖြေရှင်းပေးရန် ၄ နှစ်ကြာ အကောင်အထည်ဖော်မည့် စီမံကိန်း ရှိနေသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သို့သော် စစ်ကောင်စီက အလုပ်သမားအဖွဲ့အစည်းများကို မတရားအသင်းအဖြစ် ကြေညာထားရာ MADE in Myanmar အစီအစဉ်သည် အလုပ်သမား အကာအကွယ်ပေးရာမရောက်သည့်အပြင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ရန်သာ အထောက်အကူဖြစ်လိမ့်မည်ဟု မြန်မာအလုပ်သမားသမဂ္ဂများက ရှုမြင်ထားသည်။

စစ်ကောင်စီသည် အလုပ်သမားရေးလှုပ်ရှားမှုများ၊ ဆန္ဒပြမှုများနှင့် သမဂ္ဂအဖွဲ့ဝင် အလုပ်သမားများကို အင်အားသုံးဖမ်းဆီးနှိပ်ကွပ်မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု IGU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

ဥရောပသမဂ္ဂသည် ၂၀၂၁ ၊ ဖေဖော်ဝါရီက အာဏာသိမ်းဖြစ်စဉ်ကို ရှုတ်ချခဲ့ပြီး အဆိုးဝါးဆုံးချိုးဖောက်မှုများနှင့် ဆက်နွယ်နေသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ပစ်မှတ်ထားပိတ်ဆို့အရေးယူခဲ့ပြီး အခြေအနေ တိုးတက်မှုမရှိပါက နောက်ထပ်အရေးယူမှုများထပ်လာမည်ဟု အာဏာသိမ်းမှု ၂ နှစ်မပြည့်ခင်က သတိပေးထားရာ အချိန်လင့်နေပြီဟု IGU က ထောက်ပြထားသည်။

ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးပေးနေမှု၊ MADE အစီအစဉ်ဖြင့် ထောက်ပံ့နေမှုတို့မှာ စစ်ကောင်စီကို သက်ဆိုးရှည်စေလိမ့်မည်၊ ဒီမိုကရေစီ ပြန်လည်ရရှိစေရန်နှင့် စစ်ကောင်စီကို အားနည်းစေရန် ပိတ်ဆို့အရေးယူမှုများ သက်တမ်းတိုးရမည်၊ ကုန်သွယ်မှုဆိုင်ရာ အခွင့်အရေးများရုပ်သိမ်းရမည်၊ ဥရောပအထည်အမှတ်တံဆိပ်များအတွက် ထောက်ပံ့နေမှုတို့ကို ရပ်တန့်သင့်ပြီဟုလည်း တိုက်တွန်းထားသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်း၏ ဒီဇင်ဘာလအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာတွင် သမဂ္ဂအဖွဲ့ဝင်အလုပ်သမားများကို အကြမ်းဖက်မှု၊ ဖမ်းဆီးရန် ဝရမ်းထုတ်မှု၊ နိုင်ငံကူးလက်မှတ်များ ပယ်ဖျက်မှု၊ အဓမ္မလုပ်အားခိုင်းစေမှုတို့ စစ်ကောင်စီ ကျူးလွန်နေကြောင်းလည်း ပါရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles