အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်မှ အလုပ်သမားအရေးလှုပ်ရှားသူ ၃ ဦး ထောင် ၃ နှစ်စီချခံရ

အင်းစိန်ထောင်တွင်းတရားရုံးက အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီး ၂ ဦးနှင့် ယာဉ်မောင်း အမျိုးသားတစ်ဦးကို စစ်ကောင်စီ၏ ဒီဇင်ဘာ ၁၅ တွင်   အလုပ်ကြမ်းနှင့်ထောင် ၃ စီ ချလိုက်သည်ဟု သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)၏ ဆက်သွယ်ရေးတာဝန်ခံ ဒေါ်ခိုင်သဉ္ဇာအေး ခေါ်  ဘုတ်ဘုတ်၊  မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (IWFM) အဖွဲ့ဝင် မအိဖြူမြင့်၊ ယာဉ်မောင်း ကိုဉာဏ်စိန်တို့ ဖြစ်သည်ဟု သိရသည်။နိုင်ငံဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅-က  ဖြင့် ထောင် ၃ နှစ် ချမှတ်ခြင်းဖြစ်သည်ဟု CTUM မှ လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။

“အကြမ်းဖက်စစ်တပ်ကတော့ မဆိုင်တဲ့အကြမ်းဖက်မှုတွေနဲ့ စွဲချက်တင်ဖို့ စစ်ကြောရေးမှာ ကြိုးစားတယ်၊ ဒါပေမယ့် အလုပ်သမားသမဂ္ဂတွေ သွားတဲ့လမ်းကြောင်းက အကြမ်းမဖက်တဲ့ လူထုနည်းနာ၊ သပိတ်နည်းနာတွေနဲ့သွားတော့ ၅၀၅-ကနဲ့ မနေ့က အမိန့်ချလိုက်တာဖြစ်ပါတယ်” ဟု သူက ဒီဇင်ဘာ ၁၆ တွင်    ပြောသည်။

သူတို့ ၃ဦးသည် ပြီးခဲ့သည့် ဧပြီ ၂၀ က ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြုလုပ်ခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားဆန္ဒပြစဥ်   စစ်ကောင်စီတပ်က  ကားဖြင့်ဝင်တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆန္ဒပြမှု စတင်ပြီး ၁ မိနစ်အကြာတွင် စစ်သားနှင့်အရပ်ဝတ် ၁၀ ဦးခန့်လိုက်ပါလာသည့် စစ်ကားက  တောင်ဥက္ကလာ မေတ္တာလမ်းဘက်ခြမ်းမှ မောင်းလာပြီး ဆန္ဒပြလူအုပ်ကို နောက်မှ ဝင်တိုက်ခဲ့သည်၊   ၎င်းတို့ ၃ဦး၏ကားကိုလည်း  ဘေးတိုက်တိုက်ချပြီး ‌သေနတ်ထောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၃ ညနေကလည်း စစ်ကောင်စီတပ်က  ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း ဆန္ဒပြသူများကို လိုက်လံ ဖမ်းဆီးစဉ် ၁၅ ဦးဖမ်းခံခဲ့ရသည်၊ ထိုအထဲတွင် CTUM အဖွဲ့ဝင် ဦးနေမင်းထွန်း၊ ဦးအေးချမ်းအောင်၊ ဒေါ်ဇူးဇူးရာခိုင်၊ ဒေါ်ယမင်းကေသွယ်ခိုင်နှင့် ယာဉ်မောင်းဦးသန်းဇော်တို့ ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးနှိပ်ကွပ်မှုများရှိနေလင့်ကစား ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ရပ်တန့်မည်မဟုတ်ဟု ဒေါ် ဖြိုးစန္ဒာစိုးကပြောသည်။

“ပေးဆပ်ခဲ့တဲ့ အလုပ်သမား ရဲဘော်တွေကိုပြောချင်တာက ဒါက လူ့ဂုဏ်သိက္ခာအတွက် တိုက်တဲ့တိုက်ပွဲဖြစ်တယ်၊ တရားမျှတမှုအတွက် တိုက်တဲ့တိုက်ပွဲဖြစ်တဲ့အတွက် ဂုဏ်ယူလေးစား နေပါတယ်၊ အပြင်ကရဲဘော်တွေက တာဝန်ကျေပြွန်စွာနဲ့ ဆက်လက်တိုက်ပွဲဝင်နေပါတယ်” ဟု သူက ပြောသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ၊ ဖေဖော်ဝါရီ ၁မှ ယနေ့အထိ စစ်ကောင်စီကိုဆန့်ကျင်သည့်  အလုပ်သမား ၃၀  သတ်ဖြတ်ခံထားရသည်၊  မတရား ဖမ်းဆီးခံရသည့် CTUM အဖွဲ့ဝင်အလုပ်သမား ၁၁၈ ဦးရှိသည်ဟု သိရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အလုပ်သမားသမဂ္ဂများ၊ အသင်းအဖွဲ့များလည်း အလုပ်သမားများ၏အရေး မလုပ်ဆောင်နိုင်တော့ဘဲ  အလုပ်သမားခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ရကာ အချို့မှာလည်း တိမ်းရှောင်နေကြရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button