အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သတင်းတုများ တင်နေသည့် Myanmar Hard Talk စာမျက်နှာကို Facebook ဖယ်ရှား

သတင်းတု၊ သတင်းမှားများ အပါအဝင် အမုန်းစကားများ တင်နေသည့် Myanmar Hard Talk အမည်ရှိ Facebook စာမျက်နှာကို လူမှုကွန်ရက်စံနှုန်းနှင့် မူဝါဒများကို အကြိမ်ကြိမ်ချိုးဖောက်သည်ဟုဆိုကာ Facebook က ဖယ်ရှားလိုက်သည်။

၂၀၁၉ နိုဝင်ဘာ ၁၈ တွင် စတင်ဖွင့်လှစ်ခဲ့သည့် Myanmar Hard Talk စာမျက်နှာသည် အချိန်တစ်နှစ်မပြည့်မီတွင် Follower အရေအတွက် ၂ သိန်းကျော် ရရှိခဲ့သည်။ 

ယင်းစာမျက်နှာသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် အစိုးရအကြီးအကဲများကို ဘာသာရေးနှင့် ပတ်သက်သည့် သတင်းတုများ၊ အမုန်းစကားများဖြင့် တိုက်ခိုက်ထားသည့် အကြောင်းအရာများ တင်လေ့ရှိသည်။ 

အဆိုပါ စာမျက်နှာကို “အောင်မင်း” အမည်ရှိ အမျိုးသားတစ်ဦးက တာဝန်ယူစီမံခန့်ခွဲနေပြီး ၎င်း၏ စာမျက်နှာ ဖယ်ရှားခံလိုက်ရသည့်အတွက် Live လွှင့်ခြင်းများကို Youtube မှတစ်ဆင့် ဆက်လက်ပြုလုပ်သွားမည်ဟု ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျွန်တော်တို့ရဲ့ Myanmar Hard Talk Facebook Channel ကို Facebook Team ကနေ ဖြုတ်ချလိုက်ပြီ။ အဲ့ဒီတော့ နောက်ပိုင်း ကျွန်တော်တို့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုတွေကို Myanmar Hard Talk Youtube ကနေ ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု YouTube မှတစ်ဆင့် ၎င်းက ပြောကြားထားသည်။ 

Myanmar Hard Talk စာမျက်နှာကို စီမံခန့်ခွဲနေသည့် အောင်မင်းသည် အမျိုးသားရေးတက်ကြွလှုပ်ရှားသူဆိုသူများ၊ အတိုက်အခံပါတီကြီးဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များနှင့်လည်း အင်တာဗျူးများ၊ ဆွေးနွေးပွဲများ ပြုလုပ်ကာ တိုက်ရိုက်ထုတ်လွှင့်လေ့ရှိသည်။ 

Myanmar Hard Talk စာမျက်နှာတွင် တင်ခဲ့သည့် သတင်းတုများအနက် “2020 ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အစ္စလမ်ဘာသာဝင် မူဆလင်အမတ်များ” ခေါင်းစဉ်ဖြင့် သတင်းတုသည် ပျံ့နှံ့မှုအား ကောင်းခဲ့သည်။

အဆိုပါသတင်းတုတွင် NLD ပါတီ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများအနက် အစ္စလာမ်ဘာသာဝင် ၆၃ ဦးပါဝင်ကြောင်း ရေးသားထားပြီး မြန်မာနိုင်ငံတွင် ထိလွယ်ရှလွယ်သည့် ဘာသာရေးအကြောင်းအရာမျိုးကို အသုံးချကာ သတင်းတု ဖြန့်ဝေခြင်းများလည်း မကြာခဏပြုလုပ်လေ့ရှိသည်။ 

ရွေးကောက်ပွဲကော်မရှင်နှင့် NLD ၏ တရားဝင်ထုတ်ပြန်သည့် အချက်အလက်အများအရ NLD ပါတီ ကိုယ်စားလှယ်လောင်းများအနက် နှစ်ဦးတည်းသာ အစ္စလာမ်ဘာသာကိုးကွယ်သူများဖြစ်သည်။ 

Myanmar Hard Talk စာမျက်နှာက တင်ထားခဲ့သည့် သတင်းတုအကြောင်းအရာအချို့

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏မိခင် ဒေါ်ခင်ကြည်သည် ခရစ်ယာန်ဘာသာဝင်ဖြစ်ကြောင်း လုပ်ကြံသတင်းတစ်ခုကိုလည်း အောက်တိုဘာ ၁၉ တွင် ဖြန့်ဝေခဲ့သေးသည်။  

“ခရစ်ယန်ဘာသာဝင် ဒေါ်ခင်ကြည်ရဲ့ တစ်ဦးတည်းသောသမီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ကိုဗစ်ရောဂါအကြောင်းပြ ပိတ်ပင်ထားသော ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရန်ကုန်မြို့လူထုနှင့် ရဟန်းသံဃာများမှ ယနေ့ (၂၀-၁၀-၂၀၂၀) ရက်နေ့ ညနေ(၄;၀၀)နာရီမှာ သွားရောက်ဖူးမြော်ဖို့ စီစဉ်နေကြောင်းသိရပါတယ်” ဟု အဆိုပါလုပ်ကြံသတင်းတွင် ရေးသားထားသည်။ 

အဆိုပါ Facebook စာမျက်နှာသည် Myanmar Open Voice အမည်ရှိ အခြားစာမျက်နှာတစ်ခုနှင့်လည်း ဆက်စပ်နေသည်။ Myanmar Hard Talk စာမျက်နှာတွင် တင်ထားသည့် ကာဗာဗီဒီယိုပါ အင်တာဗျူးရုပ်ကတ်များတွင် Myanmar Open Voice အမှတ်တံဆိပ် အသုံးပြုထားသည်ကို တွေ့ရသည်။

Myanmar Open Voice သည် ပြန်ကြားရေးဝန်ကြီးဌာနက ခွင့်ပြုထားသည့် သတင်းအေဂျင်စီလိုင်စင်ကို ၂၀၂၀ ဇန်နဝါရီ ၂၃ တွင် ရရှိထားကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။ 

မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် Facebook ပလက်ဖောင်းကို အသုံးပြု၍ စံနှုန်းချိုးဖောက်မှုမရှိစေရန် အလေးထားဆောင်ရွက်နေသည်ဟု Facebook က ထုတ်ပြန်ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button