ရုပ်သံသတင်း

လက်နက်ချ စစ်ကောင်စီတပ်များတိုးလာပြီး မြို့ ၁၂ မြို့ထိ သိမ်းပိုက်နိုင်

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေး တစ်လကျော် ကြာမြင့်လာပြီးနောက် ရှမ်းမြောက် ကုန်းကြမ်းတွင် တပ်ရင်းလိုက် အလံဖြူထောင် လက်နက်ချခဲ့ပြီး၊ ချင်းတောင်ပိုင်း ရေဇွာမြို့ကိုလည်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်တပ်က လေကြောင်းအသုံးပြု ခုခံနေရသည်။ ယနေ့ ( နိုဝင်ဘာ ၂၉) အထိ ရှမ်းမြောက်၊ ချင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် မြို့ပေါင်း ၁၂ မြို့အထိ သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီ တပ်ရင်းများလည်း တပ်ရင်းလိုက် လက်နက်ချ အလင်းဝင်နေသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

Show More

Related Articles

Back to top button