အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန်းကျောက်ဝိုင်းတွင် CCTV တပ်ပြီးနောက် မှုခင်းများ သိသိသာသာကျဆင်း

(မန္တလေး) – တစ်လလျှင် ကျောက်မျက်ရတနာ ခိုးယူမှုနှင့် လိမ်လည်ရောင်းမှု ၄မှုမှ ၈ မှုနှုန်း ရှိခဲ့သည့် မန္တလေးမြို့မဟာအောင်မြေ ကျောက်ဝိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက လုံခြုံရေး စောင့်ကြည့်ကင်မရာများ တပ်ဆင်ခဲ့ပြီးနောက် မသမာမှုများ သိသိသာသာ ကျဆင်းသွားကြောင်း ကျောက်ဝိုင်းတာဝန်ခံများကပြောသည်။

မန်းကျောက်ဝိုင်းတွင် အရောင်းအဝယ် ပြုလုပ်နေစဉ် (ဓာတ်ပုံ – ခင်နှင်းဝေ/Myanmar Now)

“စည်ပင်ရဲမှာမှတ်တမ်းတွေရှိတယ်။ CCTV တွေနေရာအနှံ့ တပ်ဆင်ပေးထားတယ်။ ဘယ်သူကသူခိုး ဘယ်သူကဆေးဆိုး( ကျောက်အတုရောင်းတဲ့သူ)တွေဆိုတာ သူတို့အထဲမှာ နာမည်တွေနဲ့ မှတ်တမ်းတင်ထားတယ်” ဟု မဟာအောင်မြေကျောက်မျက်ရုံး ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဦးကပြောသည်။

ကျောက်ဝိုင်း နေရာအနှံ့ လုံခြုံရေးကင်မရာ ၄၈ လုံး တပ်ဆင်ထားပြီး ၄င်းတို့အနက် ၃၁ လုံးကို စည်ပင်က အကုန်အကျခံကာတပ်ဆင်ပေးခြင်းဖြစ်ပြီး ကျန်ကင်မရာများအား ကျောက်မျက်ရုံး၏ အစီအစဉ်ဖြင့် တပ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းကပြောသည်။

“အရင်တုန်းကဆိုကျောက်ခိုးတာတွေ ဆေးဆိုးကျောက်တွေလိမ်ရောင်းတာတွေတအားပေါတယ်။ လူတွေကလည်းတအားများတော့ ကိုယ့်ဆီကကျောက်နှိုက်သွားလည်းမသိဘူး။ ခဏခဏခံရတယ် အခုနောက်ပိုင်းcctvကင်မရာတွေတပ်ပြီး လုံခြုံရေးအထူးဆောင်ရွက်ပေးတော့ နည်းနည်းတော့ လျော့သွားတာပေါ့” ဟု ၄၁လမ်းသင်္ဂဇာချောင်းအနီး မဟာအောင်မြေကျောက်မျက်ဝိုင်း မှ ကျောက်စိမ်းရောင်းသူ မသင်းသင်းဦးကပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button