အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မုန်လိုင်ခက်မှာ အစုလိုက်အပြုံလိုက် သင်္ဂြိုလ်လိုက်ရတဲ့ နာရေး

တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှ စစ်ဘေးရှောင်စခန်း ယမန်နေ့( အောက်တိုဘာ ၉) ညသန်းခေါင်တွင် တိုက်ခိုက်ခံရသဖြင့် ကလေး ၁၁ ဦး အပါအဝင် စုစုပေါင်း ဒုက္ခသည် ၂၉ ဦး သေဆုံး၊ ၅၀ ကျော် ဒဏ်ရာရသည်။ သေဆုံးသူများ၏ နာရေးကို ယနေ့ ညနေပိုင်းတွင် ပြုလုပ်ပြီးဖြစ်သည်။ မုန်လိုင်ခက် တိုက်ခိုက်ခံရမှုသည် ယမန်နှစ် အောက်တိုဘာလက ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသကို စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်၍ လူ ၆၀ ထက်မနည်း သေဆုံးခဲ့သည့်ဖြစ်စဉ်နောက်ပိုင်း KIAထိန်းချုပ်နယ်မြေအတွင်း အရပ်သားများအစုလိုက်ပြုံလိုက်သေဆုံးသည့် ဒုတိယမြောက်ဖြစ်စဉ်ဖြစ်သည်။ သတင်း၊ တင်ဆက် – မောင်ရွှေဝါ၊ စထွန်းအောင်

Related Articles

Back to top button