အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ချင်းညီနောင်နဲ့ KIA ၊ NUG တို့ ဘာတွေဆွေးနွေးကြလဲ

ချင်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတစ်ခုဖြစ်တဲ့ ချင်းညီနောင်အဖွဲ့(CB) နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်တွေဟာ KIO ဌာနချုပ် လိုင်ဇာမြို့မှာ ဇူလိုင်လ တတိယပတ်အတွင်းက သီးခြားစီ တွေ့ဆုံ၊ ဆွေးနွေးခဲ့ကြပါတယ်။ 

ချင်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတစ်ခုဖြစ်တဲ့ ချင်းညီနောင်အဖွဲ့(CB) နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်တွေဟာ KIO ဌာနချုပ် လိုင်ဇာမြို့မှာ ဇူလိုင်လ တတိယပတ်အတွင်းက သီးခြားစီ တွေ့ဆုံ၊ ဆွေးနွေးခဲ့ကြပါတယ်။ 

ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ ဖိတ်ကြားချက်နဲ့ ချင်းညီနောင်အဖွဲ့က လိုင်ဇာမြို့ကို သွားရောက်ဆွေးနွေးခဲ့ကြတာပါ။ ဒါ့အပြင် NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့နဲ့လည်း လိုင်ဇာမြို့မှာပဲ သီးခြားဆွေးနွေးခဲ့ကြပါတယ်။ 

သူတို့ ဘာတွေဆွေးနွေးခဲ့ကြပါသလဲ။ ချင်းညီနောင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ 

စစ်အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် ၆ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ ချင်းညီနောင်အဖွဲ့ဟာ အင်အားကြီးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး၊ အာရက္ခတပ်တော် AA နဲ့လည်း မဟာမိတ်တွေ ဖြစ်ကြပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button