အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အမှန်တရားကိုမျှော်လင့်နေဆဲ မိခင်တစ်ယောက် (သို့) လေးနှစ်ကြာ လေးလောင်းပြိုင်လူသတ်မှု

ထိတ်လန့်တုန်လှုပ်ဖွယ် မင်္ဂလာဒုံလေးလောင်းပြိုင်လူသတ်မှုတွင် အိမ်ထောင်ဦးစီးဖြစ်သည့် ဒုရဲအုပ်ဟောင်း စိုးနောင်သည် အသက် ၃၄နှစ်အရွယ်ဇနီးနှင့် အသက် ၁၃ နှစ်၊ ၈ နှစ်အရွယ်ရှိ သားနှစ်ယောက်ကို သတ်ပစ်ခဲ့ပြီး ကိုယ်တိုင်လည်းသတ်သေခဲ့သည်ဟု အခင်းဖြစ်ပြီး ဆယ်လအကြာ ၂၀၁၇ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါသည်။ ၎င်းအမှုသည် လေးနှစ်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မိခင်ဖြစ်သူက ကိုစိုးနောင်တို့မိသားစုသည် ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့သည်ဟူသော ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို လက်မခံနိုင်ဘဲ အမှုအမှန်ပေါ်ပေါက်ရန် အခုအချိန်အထိ မျှော်လင့်နေဆဲဖြစ်သည်။

သတင်း – ကေဇွန်နွေး/Myanmar Now

ရိုက်ကူး – စိုင်းဇော်၊ အောင်ကိုကိုဦး၊ ကေဇွန်နွေး/Myanmar Now

 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
[youtube https://youtu.be/0lWEOiLIudg]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles