အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လူ ၃၀ ခန့် သေဆုံးခဲ့ရသည့် လိုင်ဇာဌာနချုပ်အနီး ဗုံးကြဲခံရမှုအခြေအနေ ဆက်သွယ်မေးမြန်းချက်

“ကျွန်တော်တို့ကချင်တွေ၊ တိုင်းရင်းသားတွေကို မျိုးသုဉ်းအောင် သတ်ဖြတ်တဲ့ စစ်ဝါဒီတွေရဲ့ လက်ချက်ပဲ” လူ ၃၀ခန့် သေဆုံးခဲ့ရသည့် လိုင်ဇာဌာနချုပ်အနီး ဗုံးကြဲခံရမှုအခြေအနေ ဆက်သွယ်မေးမြန်းချက် မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်အနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးမှ မုန်လိုင်ခက်ရွာကို ယမန်နေ့ ဉာဉ့်နက်ပိုင်းတွင် စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်၍ ကလေးများအပါအဝင် စစ်ရှောင်အများအပြား သေဆုံးဒဏ်ရာရသည်။ ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရသူ ၅၆ ဦးရှိကာ ၄၄ ဦး အရေးပေါ် ဆေးကုသနေရသည်ဟု ယနေ့ နံနက် ၈ နာရီကျော်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။ လိုင်ဇာမြို့နှင့် ၂ မိုင်ကျော်ဝန်းကျင်တွင်သာ ရှိပြီး ဒေသခံနှင့် စစ်ဘေးရှောင်များ ခိုလှုံနေထိုင်သည့် မုန်လိုင်ခက်ရွာကို အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခွဲဝန်းကျင်တွင် စစ်တပ်က တိုက်ခိုက်ခြင်းဖြစ်သည်။ အသေးစိတ်အခြေအနေများကို ဆက်လက်ဖော်ပြပါမည်။ မေးမြန်း – မောင်ရွှေဝါ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles