အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ရဲတစ်ဦး ပစ်သတ်ခံရ

လုံခြုံရေး အထူးတင်းကျပ်ထားသည့် ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ်တွင် တိမ်းမှောက် မီးလောင်နေသည့် ဆီသယ်ယာဉ်တစ်စီးအနီး ရှိနေသည့် ရဲတစ်ဦးကို မြို့ပြပြောက်ကြားတော်လှန်ရေးသမားတို့က ပစ်သတ်လိုက်သည်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ (၃) ရပ်ကွက် ပင်းတလဲကျောင်းကွေ့၊ မိုင်တိုင်အမှတ် ၇၆/၄ အနီးတွင် အသက် ၂၀ အရွယ် ရဲတပ်သား ဇင်မင်းခန့်ကို ယမန်နေ့ (စက်တင်ဘာ ၃) ညနေ ၄ နာရီကျော်တွင် ထိုဒေသရှိ Soul Takers-Yangon Underground Force နှင့် 9STAR UG အဖွဲ့တို့က သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လေယာဉ်ဆီတင်လာသည့် ထိုယာဉ်သည် မောင်နှင်လာစဉ် ဩဂုတ် ၂၇ ရက်က တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြွန်ဆန်ဆာရဲစခန်းမှ ရဲက ထိုနေရာကို လုံခြုံရေးယူပေးထားချိန်တွင် တော်လှန်ရေးအင်အားစုတို့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပဲခူးတိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ခုကတော့ အကုန်ငြိမ်သက်နေတာပေါ့ ဖြစ်တဲ့နေရာမှာ။ စစ်ကောင်စီဘက်ကတော့ လုံခြုံရေး တင်းကျပ်ပြီး မသင်္ကာသူတွေကို စစ်မေးတာတွေတော့ လုပ်တယ်။ ဖမ်းတာဆီးတာတော့ မရှိသေးဘူး”

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် တောင်ဘက် မိုင် ၁၀၀ ကျော်အကွာ ပြွန်တန်ဆာမြို့ တည်ရှိသည့် ပဲခူးတိုင်းအရှေ့ဘက်ခြမ်းတွင် NUG၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များ အခြေစိုက် လှုပ်ရှားနေကာ စစ်ကောင်စီကို စစ်ရေးအရ ဖိအားမျိုးစုံပေးနေသည်။

ဇူလိုင်လမှစ၍ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှု မကြာခဏ ကြုံနေရသည့် ရန်ကုန်-မန္တလေးလမ်းဟောင်းတစ်လျှောက်တွင် စစ်ကောင်စီက လုံခြုံရေး တိုးမြှင့်ထားသော်လည်း တိုက်ခိုက်မှုများ ဖြစ်နေဆဲဖြစ်သည်။

ထိုဒေသတွင် တော်လှန်ရေးအဖွဲ့၏ ထင်ရှားသောတိုက်ခိုက်မှုမှာ ရန်ကုန်တိုင်း အမှတ် (၁) စစ်ဘက်ရေးရာလုံခြုံရေး အကူတပ်ဖွဲ့မှ အရာရှိ၊ အသက် ၃၈ နှစ်ခန့်အရွယ် ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ သေဆုံးခဲ့သော တိုက်ခိုက်မှုဖြစ်သည်။

ဇန်နဝါရီ ၂၂ တွင် NUG ၏ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းတစ်ခုက အဆိုပါ စစ်ထောက်လှမ်းရေးများကို လက်နက်ဝယ်မည်ဟု လှည့်စား ခေါ်ယူပြီးနောက် ပဲခူးတိုင်း တောင်ငူခရိုင် ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၁၆၁-၆ ဖာလုံအနီးတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button