အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခင်ဦးမြို့ရောက် စစ်တပ်က စစ်သားအလောင်းကို အိမ်ထဲတွင် မီးသင်္ဂြိုဟ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့တွင် အင်အား ၁၀၀ ခန့် ပါသည့် စစ်ကောင်စီ စစ်ကြောင်းက တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်သားနှစ်ဦး၏ ရုပ်အလောင်းကို လောင်းရှည်ရွာရှိ နေအိမ်အတွင်း ထည့်ကာ မီးရှို့သွားကြောင်း ဒေသခံများ၊ ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မြို့အရှေ့ဘက်မှ လောင်းရှည်ကျေးရွာသို့ ဩဂုတ် ၃၁ တွင် ဝင်ရောက်လာစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ခင်ဦးတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ဗိုလ်နတ်ဆိုးက ပြောသည်။

“ခင်ဦးကနေ ထွက်လာပြီး လောင်းရှည်ကို ဝင်တဲ့အချိန် နောက်က လိုက်တိုက်တာမှာ နှစ်ယောက် သေသွားတာ၊ အဲ့ဒီနှစ်ယောက်ကို ရွာလယ်က အိမ်တစ်ခုထဲမှာ မီးရှို့သွားတာ၊ အလောင်းနှစ်လောင်း တွေ့တယ်” ဟု ဗိုလ်နတ်ဆိုးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ရေဦးမြို့ တိုင်းရင်းဆေးရုံကို ခြေကုပ်ယူကာ အနီးဝန်းကျင်မြို့များကို စစ်ကြောင်းထိုးနေခဲ့ရာမှ ၃၀ ရက်နေ့တွင် ခင်ဦးမြို့သို့ ရောက်လာသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဩဂုတ် ၃၁ ရက်နေ့တွင် လောင်းရှည်ကျေးရွာသို့ ရောက်ရှိကာ ယင်းကျေးရွာမှာပင် ညအိပ်နားခဲ့သည်။ ယနေ့ (စက်တင်ဘာ ၁) တွင် လောင်းရှည်မှ လက်ပံလှ၊ ရွာသန်းကျေးရွာတို့ကို ဖြတ်သန်းကာ နေ့လယ်ပိုင်းတွင် ပေါက်တုံကျေးရွာသို့ ရောက်ရှိနေသည်။

နံနက်ပိုင်း လက်ပံလှကျေးရွာနှင့် ရွာသန်းကျေးရွာအကြား၊ ရွာသန်းကျေးရွာမှ အထွက်၊ ပေါက်တုံကျေးရွာအနီးတို့တွင်လည်း ဒေသတွင်း ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။ တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးပေ။

ထိုစစ်ကြောင်းသည် ရန်ကုန်တိုင်း မှော်ဘီမြို့အခြေစိုက် အမှတ် (၇၀၁) ခြေမြန်တပ်ရင်းမှ ဖြစ်သည်ဟု သိရသည်။ တပ်ဌာနချုပ်ရှိရာ မှော်ဘီမြို့သို့ ပြန်နိုင်ရန်အတွက် ရွှေဘိုလေ့ကျင့်ရေးတပ်ဘက်သို့ ဦးတည်နေခြင်းဖြစ်ကြောင်း ဒေသတွင်း ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

ထိုတပ်ရင်းသည် ရေဦးမြို့ကို ခြေကုပ်ယူကာ ရေဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ခင်ဦးမြို့နယ်၊ ရွှေဘိုမြို့နယ်တို့အတွင်း စစ်ကြောင်းထိုးနေခဲ့ခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button