အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲ

ဦးကိုကိုကြီးကလည်း ညွန့်ပေါင်းအစိုးရကို မျှော်လင့်နေ 

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများ၊ ပဋိပက္ခများကို တစ်ဦးတစ်ယောက်တည်း မဖြေရှင်းနိုင်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ပေါ်ပေါက်ရန် လိုအပ်သည်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

“၂၀၂၀ အလွန်မှာ နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေပါ ပါဝင်နိုင်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရတစ်ရပ် ကျွန်တော်တို့ကတော့ လေးလေးနက်နက် ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း ၁၀၀ ကျော်ဝင်ပြိုင်မည်ဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် (CEC) အဖွဲ့က ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်နေပြီး နိုင်ငံရေးဖြတ်သန်းမှုနှင့် နိုင်ငံရေးအသိစိတ်ရှိမှုအပေါ် မူတည်ရွေးချယ်သွားမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

“ကျွန်တော်အပါအဝင်ပါ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်များနဲ့ ပတ်သက်ပြီးတော့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဆုံးဖြတ်ပြီးတဲ့ အခါကျတော့မှ တရားဝင်ထုတ်ပြန်ကြေညာပါ့မယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် လူငယ်၊ အမျိုးသမီးနှင့် တိုင်းရင်းသားများကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ပြီး ၎င်းကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ကိုမူ ဦးကိုကိုကြီးက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ရွေးကောက်ပွဲတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ဝင်ရောက်ယှဉ်ပြိုင်ရန် ဦးကိုကိုကြီးက တိုက်တွန်းပြောကြားခဲ့ပြီး ၎င်းခေါင်းဆောင်သည့် ပြည်သူ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ပါက ကြိုဆိုမည်ဟု ဆိုသည်။

“လွှတ်တော်နိုင်ငံရေး ဆိုတာက ပင်မရေစီးကြောင်း ဖြစ်နေတယ်။၂၀၀၈ (ဖွဲ့စည်းပုံအခြေခံဥပဒေ) ကို မကြိုက်ဘူးဆိုရင်လည်း ပြင်ဆင်ဖို့အတွက်က ဒီမှာပဲ ပြင်ဆင်ရမှာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်နိုင်ငံရေး ဖြတ်သန်းမှု၊ ဗဟုသုတ၊ အတွေ့အကြုံတွေကို အသုံးချဖို့အတွက် လွှတ်တော်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းထားတာရှိပါတယ်” ဟု ၎င်းက ပြောသည်။

ပြည်သူ့ပါတီသည် ပါတီဝင်အင်အား တစ်သိန်းခန့်ရှိပြီး မြို့နယ်အဆင့် ပါတီရုံးခန်းပေါင်း ၈၀ ကျော်နှင့် ရပ်ကျေးအဆင့် ပါတီရုံးပေါင်း ၄၀၀ ကျော် ဖွင့်လှစ်ထားသည်ဟု ဆိုသည်။ 

ပြည်သူ့ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၈ ဩဂုတ် ၂၃ ရက်စွဲဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုခဲ့သည်။ 

 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button