အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မင်းအောင်လှိုင်ကို အသက်ဆက်ပေးနေသည့် ဘဏ်သူဌေး ခရိုနီကြီးများ

ပြည်သူလူထုအပေါ် အရက်စက်ဆုံး စစ်ဆင်နွှဲနေတာကြောင့် စစ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲနေရတဲ့ စစ်ကောင်စီဟာ သူ့ရဲ့ ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းဖို့အတွက် စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ငွေတိုက်စာချုပ်တွေကို အဆက်မပြတ် ထုတ်ရောင်းနေတာပါ။ တစ်ဘီလျံကို ကျပ်ငွေ သန်းတစ်ထောင်နဲ့ ညီမျှတဲ့ ဘီလျံပေါင်း ၂ သောင်းနီးပါးကို အာဏာသိမ်းပြီး ၂ နှစ်အတွင်း စစ်ကောင်စီက ရောင်းချနိုင်ခဲ့ပါတယ်။ Myanmar Now ရဲ့ လေ့လာချက်အရ ကမ္ဘောဇ၊ ဧရာဝတီနဲ့ ရိုးမဘဏ် အပါအဝင် ထိပ်သီးခရိုနီကြီးတွေပိုင်တဲ့ ပြည်တွင်းပုဂ္ဂလိကဘဏ်တွေဟာ စစ်ကောင်စီက ရောင်းချနေတဲ့ ငွေကျပ် သန်း ထောင်ပေါင်းများစွာ တန်ကြေးရှိတဲ့ ငွေတိုက်စာချုပ်တွေကို ဝယ်ယူပြီး စစ်အုပ်စု အသက်ဆက်ဖို့ ကူညီနေကြပါတယ်။

သတင်း၊ တင်ဆက် – အောင်နိုင်၊ စထွန်းအောင်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles