အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

Move Forward ပါတီခေါင်းဆောင် အမတ်အဖြစ်က ဆိုင်းငံ့ခံရ

ဝန်ကြီးချုပ်ဖြစ်ဖို့ ရှေ့ပြေးခဲ့သူ Move Forward ပါတီက Pita Limjaroenrat ကို လွှတ်တော်အမတ်အဖြစ်ကနေ ဆိုင်းငံ့ကြောင်း ထိုင်းအခြေခံဥပဒေခုံရုံးက ဒီကနေ့ ဇူလိုင် ၁၉ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးချုပ်လောင်းရွေးချယ်ရေး အကြိတ်အနယ်ဆွေးနွေးနေတဲ့ လွှတ်တော်အစည်းအဝေး မပြီးဆုံးခင်မှာပဲ ပီတာ့ဟာ အစည်းအဝေးခန်းမထဲကနေ ပြန်ထွက်သွားတာ တွေ့ရပါတယ်။ တစ်ဖက်မှာလည်း ဒုတိယအကြိမ် ဝန်ကြီးချုပ်လောင်းရွေးချယ်မှုမှာ Pita ရဲ့ အမည်ကို မတင်သွင်းဖို့ ထိုင်းစစ်တပ်ကျောထောက်နောက်ခံ လွှတ်တော်အမတ်တွေက အပြင်းအထန် ဆွေးနွေးနေကြပါတယ်။ Move Forward Party ထောက်ခံသူတွေကတော့ ဘန်ကောက်မြို့က လွှတ်တော်ရှေ့မှာ စုဝေးပြီး Pita ကို ထောက်ခံကြောင်း ပြသနေကြသလို Pita ကို ကန့်ကွက်ကြတဲ့ စစ်တပ်ခန့် လွှတ်တော်အမတ်တွေကို ရှုတ်ချကြောင်း ဆန္ဒပြနေကြပါတယ်။ Pita ရဲ့ Move Forward ပါတီဟာ တင်းကျပ်လှတဲ့ ထိုင်းတော်ဝင်မိသားစုကို အကြည်ညိုပျက်စေမှုဆိုတဲ့ ဥပဒေမျိုးကို ပြင်ဆင်မယ်လို့ ကြွေးကြော်ပြီး မေလက ရွေးကောက်ပွဲမှာ ပါတီကြီးတွေကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ Pita ဟာ မီဒီယာကုမ္ပဏီတစ်ခုမှာ ရှယ်ယာတွေ ပိုင်ဆိုင်ထားပေမဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့တာဟာ ရွေးကောက်ပွဲစည်းမျဉ်း ချိုးဖောက်တယ်ဆိုပြီး ထိုင်းရွေးကောက်ပွဲကော်မရှင်က ထိုင်းအခြေခံဥပဒေခုံရုံးကို တိုင်တန်းခဲ့တာပါ။ အဲ့ဒီတိုင်တန်းချက်ကို ထိုင်းအခြေခံဥပဒေခုံရုံးက လက်ခံပြီး Pita ကို လွှတ်တော်အမတ်ကနေ ဆိုင်းငံ့ဖို့ ကနဦးဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အစုရှယ်ယာ ပိုင်ဆိုင်ထားတယ်လို့ စွပ်စွဲခံရတဲ့ ITV ကုမ္ပဏီဟာ လုပ်ငန်းတွေ ရပ်ဆိုင်းထားပြီး ဖြစ်သလို အဲ့ဒီလုပ်ငန်းဟာလည်း ဖခင်ဆီကနေ အမွေရခဲ့တာ ဖြစ်တယ်လို့ Pita က ဖြေရှင်းထားပါတယ်။ Pita ဟာ သူဝန်ကြီးချုပ်ဖြစ်ရင် မြန်မာ့အရေးအတွက် အင်တိုက်အားတိုက် လုပ်မယ်လို့ ထုတ်ဖော်ကြွေးကြော်ထားတာကြောင့် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကို မြန်မာနိုင်ငံသားတွေလည်း စိတ်ဝင်တစား ရှိနေကြတာ ဖြစ်ပါတယ်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button