အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ စစ်ယာဉ်တန်းကို ဘယ်လိုတိုက်ခိုက်ခဲ့သလဲ

လုံခြုံရေးအပြည့်နဲ့ နေပြည်တော်ကနေ ထွက်ခွာလာတဲ့ စစ်ယာဉ်တန်းကို ရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၉ မိုင်၊ ၄ ဖာလုံမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင်လ ၇ ရက် မနေ့မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်၊ သေဆုံးမှု အခြေအနေ အသေးစိတ်မသိရပေမဲ့ မနေ့မနက်ပိုင်းက အမြန်လမ်းမှာ မိုင်း ၃ လုံး ပေါက်ကွဲခဲ့တယ်လို့ စစ်ကောင်စီ ကျောထောက်နောက်ခံပေးထားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။ အခုနှစ်ဆန်းပိုင်းတုန်းကလည်း ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးသန်းထွဋ်နှင့်အဖွဲ့ကို ရန်ကုန်-အမြန်လမ်း ၁၆၁ မိုင်၊ ၆ ဖာလုံအနီးမှာ ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုကြောင့် ဗိုလ်မှူးသန်းသန်းထွဋ်နဲ့ တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့ပါတယ်။ သတင်းကြိုရတာကြောင့် စောင့်ဆိုင်းပြီး တိုက်ခိုက်နိုင်ခဲ့တာလို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ မနေ့တုန်းက ယာဉ်တန်း တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲရဲ့ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button