အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တကောင်းတောင်စီမံကိန်းအနီး ကျောက်ရှာဖွေနေသူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ 

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တကောင်းမြို့အတွင်း ကျောက်မျက်ရှာဖွေနေသည့် ဒေသခံနှစ်ဦးနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ယနေ့မနက်အစောပိုင်းတွင် အချင်းများရာမှ တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရှိရသည်။ 

တကောင်းတောင်နီကယ်စီမံကိန်း ဧရိယာအတွင်း အလှကျောက် ဝင်ရောက်ရှာဖွေသူနှစ်ဦးကို လုံခြုံရေးယူထားသူ ရဲတပ်သားများက သတိပေးတားမြစ်ရာ ၎င်းတို့အထဲမှ တစ်ဦးဖြစ်သူက တူဖြင့် ပြန်လည်ရန်ပြုသဖြင့် သတိပေးပစ်ခတ်ရာမှ ဒေသခံတစ်ဦးရင်ဘတ်တွင် သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတစ်ခုအရ သိရှိရသည်။ 

သေဆုံးသူမှာ အသက် ၃၈နှစ်အရွယ် တကောင်းမြို့နယ် ညောင်သာယာကျေးရွာသား ဦးသောင်းထွန်းဖြစ်ပြီး ၄င်း၏ယောက်ဖဖြစ်သူနှင့်အတူ နီကယ်တောင်ပေါ်တွင် ကျောက်တူးဖော်နေရာမှ အခင်းဖြစ်ပစ်သတ်ခံရကြောင်း ညောင်ပင်သာကျေးရွာ ရာအိမ်မှူး ဦးမောင်သန်းကပြောသည်။

ဦးသောင်းထွန်းနှင့် ကျောက်တူးနေသူ ၎င်း၏ ယောက်ဖဖြစ်သူ အသက်၂၅နှစ်အရွယ် ကိုမင်းသူက လက်ထိတ်ဖြင့် ထွက်ပြေးသွားပြီးနောက် ပြန်လည်ဖမ်းဆီးခံရကာ ယခု ၄င်းကို တကောင်းမြို့နယ်ရဲစခန်းတွင်စစ်ဆေးနေကြောင်း ကျေးရွာတာဝန်ခံလည်းဖြစ်သူ ဦးမောင်သန်းက ဆက်ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“စားစရာသောက်စရာမရှိလို့ ကျောက်သွားတူးပါတယ်၊ တူးတောင်မတူးရသေးဘူး ရဲနှစ်ယောက်နဲ့တွေ့တယ်၊ တောင်းပန်တာမရဘဲ သေနတ်နဲ့ရိုက်တယ်နှက်တယ်၊ ဒါနဲ့ နှိပ်စက်တာမခံနိုင်လို့ သတ်လိုက်ပါပြောတော့ သေနတ်နဲ့ပစ်လိုက်တယ်”ဟု သားဖြစ်သူ ကိုမင်းသူက ပြန်ပြောကြောင်း ၄င်းကပြောသည်။ 

“အခု သမက်အလောင်းကဆေးရုံမှာ၊သားလေးကို ရဲစခန်းခေါ်ပြီးစစ်ဆေးနေတယ်”ဟု ဆက်ပြောသည်။ 

သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ရဲတပ်သား မင်းသန့်ကိုကိုအား အရေးယူမှုတစ်စုံတစ်ရာ မပြုလုပ်ရသေးကြောင်းနှင့် အမှုဖြစ်စဉ်အသေးစိတ်ကို စစ်ဆေးနေဆဲဖြစ်သည်ဟု တကောင်းမြို့နယ်ရဲစခန်းရှိ တာဝန်ကျ ဒုတပ်ကြပ် သိန်းသန်းဇော်က Myanmar Now ကို ပြောသည်။ 

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့် တကောင်းနီကယ်တောင်သည် ကျောက်ဝါဟုခေါ်ဆိုသည့် ကျောက်တစ်မျိုးထွက်ရှိပြီး ဒေသခံများက တူးဖော်ရောင်းချရာ တရုတ်များက ဝယ်ယူပြီး စျေးကွက်တစ်ခုရှိကြောင်း၊ နွမ်းပါးသည့်ဒေသခံတို့မှ ယင်းလုပ်ငန်းဖြင့် စားဝတ်နေရေးဖြေရှင်းရကြောင်း ဒေသခံတို့ကဆိုသည်။

တကောင်းတောင်နီကယ်စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးနီကယ်ထုတ်လုပ်ရေးစက်ရုံတစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ်မှစ၍ နှစ် ၂၀ စာချုပ်ဖြင့် တရုတ်နိုင်ငံသားပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီ Myanmar CNMC Nikel နှင့် အစိုးရ၏ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းတို့ ပူးပေါင်းလုပ်ကိုင်နေသည့် စီမံကိန်းဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button