အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လှိုင်သာယာမြို့နယ် ရပ်ကွက်အချို့ကို တစ်အိမ်တက်ဆင်း ကျန်းမာရေးစစ်မည်

ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံရသူများ နေထိုင်ခဲ့သည့် လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်သုံးခုကို မေ ၁၆ တွင် တစ်အိမ်တက်ဆင်း ကျန်းမာရေးစစ်ဆေးသွားမည်ဟု လှိုင်သာယာမြို့နယ် တိုင်းလွှတ်တော်အမတ်ကပြောသည်။

အဓိကအားဖြင့် လှိုင်သာယာမြို့နယ် ၆ ရပ်ကွက်ရှိ ကျန်စစ်သားအိမ်ရာ၊ ၁၀ ရပ်ကွက်၊ ချန်းရီဖိနပ်စက်ရုံအနီးရှိ ရပ်ကွက်အချို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဦးဝင်းမောင်ကပြောသည်။

ရန်ကုန်မြို့တွင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံရသူ အများဆုံးတွေ့ရှိရသည့် အင်းစိန်မြို့နယ်ကို မေလ ၆ ရက်နေ့က ကျန်းမာရေး စစ်တမ်း ကောက်ယူခဲ့ပြီးနောက် လှိုင်သာယာမြို့နယ်မှာ ကျန်းမာရေးစစ်တမ်း ကောက်ယူမည့် ဒုတိယမြောက်မြို့နယ်ဖြစ်သည်။

လှိုင်သာယာမြို့နယ်ပြီးပါက တာမွေမြို့နယ်ကို ဆက်လက်စစ်ဆေးသွားရန် ရှိကြောင်းလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံမှသိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အင်းစိန်မြို့နယ်တွင်နေထိုင်သူ ငါးသောင်းနီးပါးကို ကျန်းမာရေးစစ်တမ်းကောက်ယူခဲ့ရာတွင် ကိုဗစ်နိုင်တင်းရောဂါ သံသယလူနာ ၃ ဦးကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်လိုက်ရပြီး ၁၆ ဦးကို လှိုင်မြို့နယ်ရှိ ကန့်သတ်စောင့်ကြည့်စင်တာသို့ ပို့ဆောင်ခဲ့သည်။

လှိုင်သာယာမြို့နယ်တွင် ယနေ့အထိ ကိုဗစ်နိုင်တင်းရောဂါပိုး တွေ့ရှိသူ ၅ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့ တစ်ဖက်ကမ်းရှိ ၂၆ မိုင်ကျယ်ဝန်းသည့် စက်မှုမြို့တော် လှိုင်သာယာတွင် ရပ်ကွက် ၂၀၊ ကျေးရွာအုပ်စု ၉ စုနှင့် အိမ်ထောင်စု ခြောက်သောင်းကျော်ရှိသည်။

ယင်းအပြင် လှိုင်သာယာမြို့နယ်တွင် စက်မှုဇုန် ၁၃ ခုရှိပြီး စက်ရုံများတွင်လာရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာပြည်အနှံ့မှ ရွှေ့ပြောင်းအလုပ်သမားများစွာနှင့် အိမ်ထောင်စုစာရင်းမရှိသည့် ကျူးကျော်များလည်း အများအပြားရှိသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းတွင် လှိုင်သာယာမြို့နယ်တွင် လူဦးရေ ၇ သိန်း နီးပါးနေထိုင်ကြောင်း မှတ်တမ်းတင်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button