အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနကို ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ

စစ်တွေမြို့အခြေစိုက် ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့် နိရဉ္စရာသတင်းဌာနကို ယနေ့ညနေ ၅နာရီခွဲခန့်က ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး သတင်းထောက် သုံးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အဆိုပါသတင်းဌာနမှ စာတည်းမှူး ကိုနောင်ခိုင်အောင်က Myanmar Now ကိုပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ အကြီးတန်းသတင်းထောက် သန့်မြတ်ခိုင်၊ အလုပ်သင်သတင်းထောက် အောင်လင်းထွန်း နှင့် ထွန်းခိုင် (တောင်ရင်းကျွန်း) တို့ဖြစ်သည်ဟု သိရသည်။

“အင်အား ၈ ယောက်နဲ့ ၁၀ ယောက်ကြားလောက်ရှိမယ်။ ရဲပါတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါတယ်။ ကွန်ပျူတာ နှစ်လုံးကိုလည်း ယူသွားတယ်” ဟု ကိုနောင်ခိုင်အောင်က ပြောသည်။

နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို စစ်တွေမြို့မရဲစခန်းတွင် ယနေ့ နေ့လယ်ပိုင်းက အမှုဖွင့်ထားသည်ဟု Myanmar Now က သိရှိထားသော်လည်း သီးခြားအတည်ပြု၍ မရနိုင်ပါ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိရဉ္စရာသတင်းဌာနသည် ရခိုင်ပြည်နယ်တွင်းဖြစ်ပွားနေသည့် သတင်းများကို ရေးသားဖော်ပြနေသည့် ဖတ်ရှုမှုအများဆုံး သတင်းဌာနများအနက်မှ တစ်ခုဖြစ်သည်။

နိရဉ္စရာသတင်းဌာနနှင့် Development Media Group (DMG) တို့၏ ဝက်ဘ်ဆိုက် နှစ်ခုကို မတ် ၂၃ နှင့် ၂၄ တွင် ဆက်သွယ်ရေးအော်ပရေတာများက တစ်စုံတစ်ရာအကြောင်းကြားခြင်းမရှိဘဲ ဖုန်းအင်တာနက်မှ ဝင်ရောက်ကြည့်ရှု့ခွင့် ပိတ်ပင်ခံထားရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles