အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သီလဝါတွင် လဲကျသွားသည့် တရုတ်နိုင်ငံသား ခြေရာဖျောက်သွား၍ ရဲတပ်ဖွဲ့လိုက်ရှာနေ

သီလဝါစက်မှုဇုန်အတွင်း ချည်မျှင်စက်ရုံတစ်ခုတွင် လဲကျသွားသည့် တရုတ်လူမျိုးတစ်ဦးအား ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးတို့ ပူးပေါင်းရှာဖွေလျက်ရှိကြောင်း ကျောက်တန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောသည်။

အသက် ၃၀ ကျော်အရွယ် Chen Ping Fang အမည်ရှိ အဆိုပါတရုတ်နိုင်ငံသားသည် မတ် ၁၄ နံနက်ပိုင်းတွင် ကျောက်တန်းမြို့နယ်သီလဝါပြည်တွင်းစက်မှုဇုန်မက္ခရာမင်းသားကြီးလမ်းရှိ Xinfa Textile ချည်မျှင်စက်ရုံ၌ စားဖိုမှူးဝန်ထမ်းအဖြစ် စမ်းသပ်လုပ်ကိုင်ပြီးနောက် ညနေပိုင်းတွင် မူးမေ့လဲသွားခဲ့ခြင်းဖြစ်သည်။

သတိပြန်ရလာချိန်တွင် ကုမ္ပဏီ ကားဖြင့် သန်လျင်မြို့ရှိ ဟိုတယ်တစ်ခုသို့ လိုက်လံပို့ဆောင်ပေးခဲ့သော်လည်း တရုတ်တန်းသို့ သွားရောက်လို သည်ဟုဆိုကာ အငှားကားဖြင့် ဆက်လက်ထွက်ခွာသွားသည်ဟု အဆိုပါစက်ရုံတာဝန်ခံ ဦးအိုက်ကောင်း ကပြောသည်။

မတ် ၁၅ ရက်နေ့ ညနေပိုင်းအထိ အဆိုပါ တရုတ်လူမျိုးနှင့် ကုမ္ပဏီတို့ ဖုန်းအဆက်အသွယ်ရရှိခဲ့ပြီး တွေ့ရန် ချိန်းဆိုခဲ့သော်လည်း ရောက်မလာခဲ့ဘဲ ယင်းနောက်ပိုင်း ဖုန်းဆက်သွယ်မရတော့ကြောင်း ဦးအိုက်ကောင်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ခြေရာဖျောက်နေသည့် ယင်းတရုတ်လူမျိုးသည် လှိုင်သာယာ မြို့နယ်တွင်နေထိုင်ခဲ့သူဖြစ်ပြီး ဖုန်းနံပါတ်သာသိရှိကြောင်း မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့်အချိန်၊  ယခင်လုပ်ကိုင်ခဲ့သည့်အလုပ်အကိုင်၊ နေရပ်လိပ်စာ စသည့်အသေးစိတ် အချက်အလက်များကို မသိရှိရသေးကြောင်း ကျောက်တန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

“စက်ရုံကလည်း သူ့ရဲ့နောက်ခံသတင်းအချက်အလက်ကို ဘာမှမသိဘဲနဲ့ WeChat (တရုတ်ပြည်တွင်းသုံး ဆက်သွယ်ရေး app) ကနေလာတဲ့အတွက်နာမည်ပဲ သိတယ်။ ဖုန်းနံပါတ်ပဲသိတယ်။ အဲ့ဒါကြောင့် လဝက ကို သူ့ရဲ့နာမည်နဲ့ သူ့ရဲ့သတင်းအချက်အလက်ကို ရှာဖို့ ပြောထားတယ်” ဟု ဒေါ်အေးမြမြမျိုးက ပြောသည်။

ယင်းချည်မျှင်စက်ရုံတွင် လုပ်ကိုင်နေသည့် အလုပ်သမားဦးရေ ၉၀ ကျော်ရှိပြီး စက်ရုံတွင်း ပိုးသတ်ဆေးဖျန်းပေး ရန် အလုပ်သမားများက တောင်းဆိုထားကြောင်း ယင်းအချက်ကို ကျောက်တန်းမြို့နယ် ကျန်းမာရေးဌာနသို့ တင်ပြထားသည်ဟု ဦးအိုက်ကောင်းက ပြောသည်။ 

(ဖြည့်စွက်ချက်။ ။ ထိုစက်ရုံသို့ မတ် ၁၇ (အင်္ဂါနေ့) ညနေပိုင်းတွင် တာဝန်ရှိသူများလာရောက်ပြီး ပိုးသတ်ဆေးဖျန်းပေးသွားသည်)

ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ယင်းစက်ရုံတွင် မူးလဲသွားသည့် တရုတ်လူမျိုးနှင့်ပတ်သက်ပြီး ကောလာဟလများပျံ့နှံ့ပြီး ပြည်သူများကြား စိုးရိမ် ပူပန်မှုများ​ရှိနေသည့်အတွက် တွေ့အောင်ရှာဖွေကာ ကျန်းမာရေးဆေးစစ်ချက်များ ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထားသည်ဟု ပြောသည်။

မြန်မာနိုင်ငံတွင် Covid 19 အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ရောဂါ ကူးစက်ခံထားရသူ တစ်ဦးမျှမရှိသေးဘဲ စောင့်ကြည့်လူနာ ၁၂၈ ဦးနှင့် သံသယလူနာ ၂ ဦးရှိသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ် ၁၅ ည ၈ နာရီ ၁၅ မိနစ်တွင်ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button