အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုးအမတ်လောင်းကို ဒီချုပ် တိုင်ကြားသည့်အမှု ရဲက စတင်စစ်ဆေး

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ်တွင် အနိုင်ရခဲ့သည့် ရန်ကုန်လွှတ်တော် ပြည်ခိုင်ဖြိုးအမတ်လောင်း ဦးနေမျိုးအောင်ကို NLD ဘက်က တိုင်ကြားထားသည့် အမှုကို ထိုမြို့နယ်ရဲတပ်ဖွဲ့က စတင်စစ်ဆေးနေကြောင်း သိရသည်။

“ရဲက စစ်ချက်ယူနေတုန်းပါပဲ။ ကျွန်တော်တို့ဘက်ကိုပဲ စစ်သေးတယ်။ သူ့ကို (တိုင်ကြားခံရသူကို) မစစ်ဆေးသေးဘူး” ဟု တရားလိုလည်းဖြစ် ထိုမြို့နယ် NLD အမတ်လောင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်လည်းဖြစ်သည့် ဦးရဲမင်းသိမ်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရအမတ်လောင်း ဦးနေမျိုးအောင်၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်၊ ပါတီ၏ ဆိပ်ကမ်းမြို့နယ်ဘဏ္ဍာရေးမှူး ဒေါ်တိုးတိုးလွင်နှင့် ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌလည်းဖြစ် မေထွဋ်အသေးစားချေးငွေလုပ်ငန်း ကုမ္ပဏီဒါရိုက်တာလည်းဖြစ်သူ ဦးလင်းအောင်အောင်ကို တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (က)ဖြင့် တိုင်ကြားထားခြင်းဖြစ်သည်။

စစ်ဆေးနေသည်ဟူသော အမှုနှင့် ပတ်သက်ပြီး ဆိပ်ကမ်းမြို့နယ်ရဲတပ်ဖွဲ့ကို တယ်လီဖုန်းဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း ယခုချိန်အထိ အဆက်အသွယ်မရသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆက်စပ်ဖတ်ရှုရန် သတင်းဆောင်းပါး

အနိုင်ရအမတ်လောင်းနှင့် ရွေးကောက်ပွဲအကြိုကာလ ငွေချေးလုပ်ငန်း

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles