အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

​​​​​​​ ရွှေပေါက်ကံ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ထောင်ဒဏ် တစ်သက်ချ

အသက်နှစ်နှစ်ပင် မပြည့်သေးသည့် မိန်းကလေးငယ်ကို မုဒိမ်းပြုကျင့်မှုဖြင့် ရွှေပေါက်ကံ ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ကိုရင်ကြီးဟောင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် တစ်သက် ချမှတ်လိုက်သည်။

သူပြန်လွတ်လာလို့ မရအောင်တဲ့ တစ်သက်တစ်ကျွန်း ချလိုက်တယ်။ အမိန့်ကိုလည်းကျေနပ်ပါတယ်။ သူကတော့ တရားရုံးကထွက်ခါနီး ကျွန်မတို့ကိုပြန်ပြောသွားပါသေးတယ်။ ဝဋ်လည်မယ်တို့၊ ‌သောက်သုံးမကျတဲ့ တရားဥပဒေတို့ဟု ကလေး၏မိခင်က ပြောသည်။

အသက် ၃၉ နှစ်အရွယ် ဇေယျာလင်း (ခ) ကိုရင်ကြီးကို ကလေးခိုးယူမှု၊ အဓမ္မပြုကျင့်မှုတို့ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်ပြီး ၈ လကြာ စစ်ဆေးပြီးနောက် ယနေ့(ဖေဖော်ဝါရီ ၂၀)တွင် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်ရှိ ပစ္ဆိမာရုံကျောင်းတိုက်မှ ကိုရင်ကြီးကို ဘေးချင်းကပ်ကျောင်းတိုက်တွင်ရှိသည့် ကလေးငယ်အား မတရားပြုကျင့်မှုဖြင့် ၂၀၁၉ ခုနှစ် ဇွန်လ ၁၆ ရက်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြီးခဲ့သည့်နှစ် ဇွန်လ ၁၅ ရက် ညနေပိုင်းတွင် ကလေးငယ်အား ၎င်း၏အစ်ကိုနှင့်အတူ အခန်းအတွင်း သိပ်ထားခဲ့ရာ ညပိုင်းတွင် ကလေးပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး မိသားစုက ရဲတပ်ဖွဲ့ကို အကြောင်းကြားကာ လိုက်လံရှာဖွေသော်လည်း မိုးသည်းထန်စွာရွာနေခြင်းကြောင့် ရှာမရခဲ့ဘဲ မိုးလင်းမှသာ ပြန်တွေ့ရှိခြင်းဖြစ်သည်။

ခိုးယူသွားသူက ကလေးငယ်ကို အဓမ္မပြုကျင့်ကာ ကျောင်းတိုက်အနီးရှိ ကိုင်းတောထဲတွင် ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်တွေ့ချိန်တွင် ကလေးမှာ တစ်ကိုယ်လုံးတုန်နေပြီး ဖြုတ်၊ ခြင်ကိုက်ရာများဖြင့် ကိုင်းတောထဲတွင် မတ်တတ်ရပ်၍ ငိုယိုနေခဲ့ကြောင်း ကလေးဖခင်က ပြောပြသည်။

အဓမ္မပြုကျင့်ခံရမှုကြောင့် ကလေးမှာ မိန်းမကိုယ်အောက်ပိုင်း ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရသည့်အပြင် ဝမ်းဗိုက်မှခွဲကာ အတွင်းတစ်ထပ် ထပ်ချုပ်ခဲ့ရပြီး ရန်ကင်းဆေးရုံကြီးတွင် နှစ်ပတ်ကြာကုသမှု ခံယူခဲ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button