သတင်း

အလုပ်သမားသံအရာရှိ အဂတိမှု ရှစ်မှုကို တစ်ပေါင်းတည်းစစ်ဆေးရန် တရားခံရှေ့နေလျှောက်ထား

အဂတိမှုဖြင့် ရှစ်မှုခွဲ၍ တရားစွဲခံထားရသည့် ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိဟောင်း ဦးစန်းမောင်ဦးအား အားလုံးကို တစ်မှုတည်းပေါင်းပြီး စစ်ဆေးရန် ၎င်း၏ရှေ့နေက ဖေဖော်ဝါရီ ၁၈ ရက် ရုံးချိန်းတွင် လျှောက်တင်လိုက်သည်။

ရန်ကုန်တိုင်းတရားလွှတ်တော်၌ စစ်ဆေးသော ခုနစ်ကြိမ်မြောက်ရုံးချိန်းတွင် တရားခံ ရှေ့နေ ဦးကျော်ကျော်အောင်က တရားသူကြီးထံ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဦးစန်းမောင်ဦးသည် ထိုင်းနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်ခွဲခန့် ကာလအတွင်း ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများထံမှ လာဘ်ငွေ အကြိမ်ကြိမ် ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိကော်မရှင်က အမှု ၈ ခု ခွဲကာ တရားစွဲဆိုခဲ့သည်။

ဦးစန်းမောင်ဦးကို အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် ရှစ်ကြိမ်ခွဲ၍ တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါအမှု ၈ ခုကို တစ်ခုတည်းပေါင်း၍ စစ်ဆေးပေးရန် ရှေ့နေဖြစ်သူက လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဦးစန်းမောင်ဦးအပြင် ဒေသခန့် ဝန်ထမ်း ဦးသန်းထိုက်စိုး () ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း () စောဂျက် တို့ကိုပါ ယင်းဥပဒေ ပုဒ်မ ၅၆ အပြင် အဂတိကျူးလွန်ရန် အားပေးကူညီသူကို တူညီသော ပြစ်ဒဏ်ချမှတ်နိုင်သည့် ၆၃ ဖြင့်လည်း အမှုဖွင့်ထားသည်။

ဦးကျော်ကျော်အောင်ကဒီဟာတွေကို ပြန်ပြန်ပြီးစစ်နေရာမှာ နှစ်များစွာကြာသွားတဲ့အတွက် ရုံးတော်ကလည်း ထိခိုက်ပါတယ်ဟု ဖေဖော်ဝါရီ ၁၈ ရက်နေ့ တရားခွင်တွင် ပြောသည်။

ကုမ္ပဏီတစ်ခုတည်းက ငွေပေးသည့်ကိစ္စများအတွက် ပြစ်မှုတစ်ရပ်သာ စုပေါင်းစွဲသင့်ကြောင်း၊ အမှုတစ်ခုချင်းစီ စစ်ဆေးလျှင် နှစ်များစွာကြာမည်ဖြစ်သည့်အတွက် ပူးပေါင်းစစ်ဆေးသင့်ကြောင်း ၎င်းက တရားခွင်တွင် လျှောက်ထားသည်။

ယခုအမှုများတွင်လည်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၃၄ အရ တစ်နှစ်အတွင်းကျူးလွန်သည့် မျိုးတူပြစ်မှုသုံးမှုထက်ပိုသည့်အတွက် အမှုခွဲ၍ စွဲချက်တင်ခဲ့ခြင်းဖြစ်သည်ဟု တရားလိုရှေ့နေက ပြန်လည်ချေပသည်။

ဦးစန်းမောင်ဦးသည် တစ်နှစ်ခွဲခန့်ကာလအတွင်း အလုပ်ခေါ်စာနှင့် အလုပ်သမားအမည်စာရင်း လက်မှတ်ရေးထိုးခြင်းအတွက် ကုမ္ပဏီအများအပြားထံမှ လာဘ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ကုမ္ပဏီ လေးခုမှ လူပုဂ္ဂိုလ်များက အမှုခွဲပြီး တရားစွဲခဲ့သည်ဟု ၎င်းကပြောသည်။

အလုပ်သမားသံအရာရှိဟောင်းသည် လာဘ်ငွေ စုစုပေါင်း ကျပ်သိန်း ၂၀၀၀ ကျော် (ထိုင်းဘတ် ဒသမ သန်းကျော်) ရယူခဲ့သည်ဟု ကုမ္ပဏီများက ကော်မရှင်ထံ တိုင်ကြားခဲ့ကြောင်း၊ လာဘ်ရယူသည့်ဖြစ်စဉ်များကို ကော်မရှင်ကလည်း စစ်ဆေးတွေ့ရှိသည့်အတွက် ၎င်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်း၌ အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း ၂၀၁၉ ခုနှစ် နိုဝင်ဘာ ရက်တွင် ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါအမှု၏ နောက်ထပ်ရုံးချိန်းမှာ မတ်လ ရက် ဖြစ်သည်။

Related Articles

Back to top button