အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေကို အစားထိုးမည်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ထားသည့် ပြည်ထောင်စုဝန်ကြီးသုံးဦးအနက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနေရာတွင် နောက်ထပ်တစ်ဦး ခန့်အပ်ရန် နိုင်ငံတော်သမ္မတထံ တင်ပြထားသည်ဟု သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ယနေ့ (ဇန်နဝါရီ ၃၁ ရက်) တွင် အတည်ပြုလိုက်သည်။

“စစ်ဘက် မူလတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့၊ သူ့နေရာမှာ အခြားတစ်ယောက် အစားထိုးခန့်အပ်ဖို့ သမ္မတဆီ တင်ပြထားပါတယ်။ သမ္မတဆီ တင်ပြထားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်သွားဖို့ ရှိပါတယ်” ဟု နေပြည်တော်တွင် ယနေ့ (ဇန်နဝါရီ ၃၁) ညနေပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Myanmar Now ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အတည်မပြုနိုင်သည့် သတင်းများအရ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေအစား လက်ရှိ စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြည်ထဲရေးဝန်ကြီးဖြစ်လာမည်ဟု ရေပန်းစားနေသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။

မည်သူ့ကို ပြည်ထဲရေးဝန်ကြီးအဖြစ် အစားထိုးခန့်အပ်မည်ကို သမ္မတရုံးပြောခွင့်ရသူက အတိအကျ မပြောဘဲ “ဒါတွေကတော့ သူ့ဟာသူ သတင်းထုတ်တဲ့အခါ၊ အမိန့်ထုတ်တဲ့အခါ သိပါလိမ့်မယ်” ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးအပါအဝင် ကာကွယ်ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး သုံးဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းရခြင်းဖြစ်ပြီး လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ရခြင်း ဖြစ်သည်။

အသက် ၆၁ နှစ်အရွယ် ရှိပြီဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည် ပြည်ထဲရေးဝန်ကြီးအဖြစ် လက်ရှိ NLD အစိုးရသက်တမ်းအစ ၂၀၁၆ မတ်လ ၃၀ ရက်တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်းခရီးစဉ်များတွင် အမြဲလိုလို လိုက်ပါလေ့ရှိသူလည်း ဖြစ်သည်။

သူသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၂)သင်တန်းဆင်း အရာရှိတစ်ဦးဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်မထမ်းဆောင်ခင်က ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles