အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ကျောင်းဆရာကို ဘူးသီးတောင်တရားရုံး တရားသေပြန်လွှတ်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ကျောင်းဆရာ ကိုနိုင်အောင်ထွန်းကို ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ် တရားရုံးက ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်) တွင် တရားသေ လွှတ်ပေးလိုက်ကြောင်း ၎င်း၏ ရှေ့နေက ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ဘူးသီးတောင်မြို့နယ်၌ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ကိုနိုင်အောင်ထွန်းနှင့် အရပ်သားအချို့ကို AA နှင့် ဆက်သွယ်သည်ဟုဆိုကာ တပ်မတော်က ဩဂုတ်လ ၉ ရက်တွင် ဖမ်းဆီးခဲ့သည်။

ထို့နောက် ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်မျိုးထွန်းက တရားလိုလုပ်ကာ ကိုနိုင်အောင်ထွန်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုခဲ့သည်။

“ဒီနေ့ အပြီးသတ် စစ်ပြီးတော့ ကိုနိုင်အောင်ထွန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ငြိစွန်းခြင်း မရှိဘူးဆိုပြီး တရားသေ လွှတ်လိုက်တာပါ” ဟု ၎င်း၏ ရှေ့နေ ဒေါ်ဦးသန်းခိုင်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရသေ့တောင်မြို့နယ်ဇာတိ ကိုနိုင်အောင်ထွန်းသည် အဖမ်းမခံရစဉ်အထိ ဘူးသီးတောင်မြို့နယ်၊ ကျောက်ရံကျေးရွာတွင် မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

အလားတူပင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် ဩဂုတ်လအတွင်းက တရားစွဲဆိုခံထားရသည့် ဘူးသီးတောင်မြို့နယ်၊ ပြင်ချောင်းကျေးရွာရှိ မူလတန်းပြကျောင်းဆရာ ကိုနေဇော်လင်းကိုလည်း ဘူးသီးတောင်မြို့နယ်တရားရုံးက ဒီဇင်ဘာလ ၃ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် ‘သဇင်’ ဥပဒေအထောက်အကူပြုအဖွဲ့၏ နိုဝင်ဘာလ ၂၇ ရက်ထုတ် စာရင်းများအရ ရခိုင်ပြည်နယ်တွင် AA နှင့် ဆက်သွယ်သည်ဟုဆိုကာ တပ်မတော်က တရားစွဲဆိုထားသည့် အမှုပေါင်း ၄၈ မှုနှင့် တရားရင်ဆိုင်နေရသူ ၅၀၃ ဦး ရှိကာ ၁၀ ဦး လွတ်မြောက်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။ အဆိုပါစာရင်းမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဖြစ်ပြီး ဒီဇင်ဘာလအတွင်း ထပ်တိုးအရေအတွက်ကိုမူ အတိအကျ အတည်မပြုနိုင်သေးပေ။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် သုံးနှစ်မှ ခုနစ်နှစ်အထိ အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles