အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

AA စစ်ဦးစီးချုပ်၏ ညီမနှင့်ယောက်ဖတို့ကို ဒုတိယအကြိမ် ရမန်ယူ

ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက်ဖနှင့်ညီမတို့ကို ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲတင်နိုင်ရေးအတွက် ချုပ်ရမန်ကို မရမ်းကုန်းမြို့နယ်တရားရုံးတွင် နိုဝင်ဘာလ ၁ ရက် သောကြာနေ့က ဒုတိယအကြိမ် ရယူခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ပြန်လာသည့် ကိုကျော်နိုင်နှင့် လာကြိုသူ ဇနီးမယမင်းမြတ်(ခ)မိုးနှင်းဖြူတို့နှစ်ဦးကို အောက်တိုဘာ ၁၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ရန်ကုန်တိုင်းသတင်းတပ်ဖွဲ့မှ ဒုရဲမှူးမင်းခိုင်က တရားလိုလုပ်ကာ မရမ်းကုန်းရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ဖြစ်သည်။

တရားစွဲမတင်မီ ရန်ကုန်တိုင်းဥပဒေချုပ်ရုံးသို့ ဥပဒေအကြံပြုချက်တောင်းခံခြင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့သို့ ကြိုတင်ခွင့်ပြုချက်တောင်းခံခြင်းတို့ကို ဆောင်ရွက်ရန်ကျန်ရှိသည့်အတွက် ဒုတိယအကြိမ်ချုပ်ရမန် တောင်းခံခြင်းဖြစ်ကြောင်း တရားရုံးပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးမိုးဆွေက ပြောသည်။

AA နှင့်ဆက်နွှယ်သည်ဟုဆိုကာ စက်တင်ဘာလအတွင်းက မန္တလေးမြို့တွင် လူခြောက်ဦးကို ဖမ်းဆီးခဲ့ရာ အဆိုပါအမှုမှ တိမ်းရှောင်နေသည့် ဆက်စပ်တရားခံ ကိုမောင်မောင်စိုးကို ကိုကျော်နိုင်က ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် တွေ့ဆုံခဲ့ပြီး ငွေကြေးထောက်ပံ့သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ဦးမိုးဆွေက ရှင်းပြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည့် ၎င်းတို့နှစ်ဦးအတွက် ဒုတိယအကြိမ်ချုပ်နှောင်ခွင့် ရမန်မှာ ယခုလ ၁၅ ရက်တွင် သက်တမ်းကုန်မည်ဖြစ်သည်။

၎င်းတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)( အကြမ်းဖက်မှု ကျူးလွန်ရန်လုပ်ဆောင်မှုများ)၊ (ခ)(အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု)၊ (ဂ)(သတင်းပေးရန် ပျက်ကွက်မှု) တို့ဖြင့် တရားစွဲရန် ကြိုးစားနေခြင်း ဖြစ်ပြီး ပုဒ်မ ၅၂ သည် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ အများဆုံး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်သည်။

ထို့အပြင် ဩဂုတ်လက စင်ကာပူနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခံရပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာသည့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်နှင့် ရခိုင်အသင်း (စင်ကာပူ) အသင်းဝင်များအပါအဝင် လူ ၈ ဦးကို ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles