အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

Eleven အယ်ဒီတာများနှင့် သတင်းထောက်ချုပ်တို့ကို အာမခံပေးမပေး လာမည့်သီတင်းပတ်တွင် အမိန့်ချမည်

ရန်ကုန် — နိုင်ငံတော်အကြည်ညိုပျက်စေမှုဟု လူသိများသည့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် Eleven Media Group မှ အယ်ဒီတာနှစ်ဦး နှင့် သတင်းထောက်ချုပ်တို့ကို တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အာမခံပေးသင့် မပေးသင့်ကို လာမည့် ၂၆ ရက်နေ့တွင် အမိန့်ချမည်ဟု တရားသူကြီးက ယနေ့ကြေညာသည်။

အောက်တိုဘာလ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်ပါ ဆောင်းပါးတစ်ပုဒ်နှင့်ပတ်သက်ပြီး Eleven Media Group ၏ အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ဒေါက်တာမင်းလွင် (ခေါ်) နရီမင်းနှင့် သတင်းထောက်ချုပ် ဦးဖြိုးဝေတို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က တရားလိုလုပ်ကာ တရားစွဲထားခြင်းဖြစ်သည်။

၎င်း၏အမှုသည်သုံးဦးကို အာမခံပေးသင့်ကြောင်း လျှောက်လဲခဲ့သည်ဟု တရားလိုရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“ကယားပြည်နယ်၊ လွိုင်ကော်က ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူတာကို ကန့်ကွက်ခဲ့တဲ့သူတွေကို ဒီပုဒ်မနဲ့ တရားစွဲတုန်းကလည်း အာခံပေးခဲ့တဲ့ သာဓကရှိတယ်။ နောက်ပြီး ‘လျှပ်တစ်ပြက်’ ဂျာနယ်ကို ဒီပုဒ်မနဲ့ တရားစွဲတုန်းကလည်း အာမခံပေးခဲ့တာ ရှိတယ်။ အဲ့ဒီအတွက် Eleven သတင်းဌာနက လူတွေဟာ ထွက်ပြေးမယ့်လူတွေမဟုတ်ဘူး။ ဂျာနယ်မှာ ရာထူးတာဝန်နဲ့ စီမံခန့်ခွဲရတဲ့ သူတွေဖြစ်တဲ့အတွက် သူတို့ကိုလည်း အာခံပေးသင့်ကြောင်း လျှောက်ထားခဲ့တယ်” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အောက်တိုဘာ ၈ ရက်နေ့ထုတ် Eleven ဂျာနယ်တွင် သတင်းထောက်ချုပ် ဖြိုးဝေဝင်း၏ “အမြဲရှုံးနေသည့် စက်သုံးဆီဆိုင်များပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးနှင့်ပတ်သက်ပြီး “မမှန်မကန် ရေးသားဖော်ပြခဲ့သည့်အတွက် အများနှင့်သက်ဆိုင်သော ကုမ္ပဏီတာဝန်ရှိသူနှင့် အစုရှယ်ယာရှင်များကို ထိတ်လန့်မှုဖြစ်စေခြင်း၊ တိုင်းအစိုးရအဖွဲ့အပေါ် အကြည်ညိုပျက်စေခြင်းများကြောင့်”ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် အောက်တိုဘာ ၉ ရက်နေ့တွင် တာမွေမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ထိုပုဒ်မအရ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် နှစ်နှစ်အထိ ချနိုင်သည်။

ထိုဆောင်းပါးသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာပါ အချက်များကို အခြေခံ ရေးသားထားခြင်း ဖြစ်ပြီး ထိုအချက်များကလည်း ရန်ကုန်တိုင်းလွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်များက အကျယ်တဝင့် ဆွေးနွေးထားကြပြီဖြစ်သည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က Eleven သတင်းဂျာနယ်တိုက်မှ လူသုံးဦးအပေါ် တရားစွဲဆိုခြင်းသည် လက်ရှိအာဏာရ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ သဘောထားနှင့် လုံးဝပတ်သက်မှုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်က Myanmar Now ကိုပြောဖူးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button