သတင်း

ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်များကို တပ်မတော် အကျိုးပျက်စီးစေမှုဖြင့် ထပ်မံစွဲချက်တင်

တပ်မတော်က တရားစွဲထားသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၇ ဦးကို ဗိုလ်တထောင်တရားရုံးက တပ်မတော် အကျိုးပျက်စီးစေမှု ပုဒ်မ ၅၀၅(က)ဖြင့် စွဲချက်တင်ကြောင်း ယနေ့ အမိန့်ချလိုက်သည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဋ်၊ မဆုရတနာမြင့်၊ ကိုငြိမ်းချမ်းစိုး နှင့် မကေခိုင်ထွန်းတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် မှ ဒုဗိုလ်မှူးကြီးမျိုးမင်းဦး က တရားလိုပြုလုပ်ကာ တပ်မတော် အကျိုးပျက်စီးစေမှု ပုဒ်မ ၅၀၅ (က) ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ () တို့ဖြင့် စွဲဆိုထားခြင်းဖြစ်သည်။

၄င်းတို့ ဦးကို စွဲဆိုထားသော ပုဒ်မ ၅၀၅(က) နှင့်ပတ်သက်ပြီး အပြစ်ရှိပါသလားဟု ယနေ့ တရားခွင်တွင် တရားသူကြီးက မေးမြန်းရာ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် နိုင်ငံရေးကဏ္ဍမှ စစ်တပ် အပြီးအပိုင် ထွက်သွားရေးအတွက်သာ ရွတ်ဆိုခဲ့ခြင်းဖြစ်ပြီး တပ်မတော်ကို ပြိုကွဲလိုသည့် ကြံစည်မှုမရှိ၍ အပြစ်မရှိကြောင်း ကိုပိုင်ရဲသူက ပြန်လည်ဖြေဆို ခဲ့သည်။

သံချပ်စာသားများသည် အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကိုသာ သီဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိစွဲဆိုထားသော ၅၀၅ (က) တွင် ပါဝင်သကဲ့သို့ တပ်မတော်ကိုပြိုကွဲစေလိုသည့် သဘောဆန္ဒမရှိကြောင်း၊ တပ်မတော်အတွင်း၌ ၄င်းတို့သံချပ်ကြောင့် ပြိုကွဲမှု၊ ပုန်ကန်မှုများ မဖြစ်ပွားသည့်အတွက် ၄င်းတို့တွင် အပြစ်မရှိကြောင်း စွပ်စွဲခံကျောင်းသား၊ ကျောင်းသူ ဦးက တရားသူကြီး၏ အလှည့်ကျမေးမြန်းမှုကို ဖြေဆိုခဲ့ကြသည်။

တရားရုံးက ချတဲ့အမိန့်ကို ပြောရရင် ကျွန်တော်တို့ကြည့်ပြီးသား ဘောလုံးပွဲတစ်ပွဲကို ပြန်ကြည့်နေရသလိုပဲ။ ဘာမှမျှော်လင့်ချက်မရှိဘူး။ အဖြေကိုသိပြီးသားပဲဟု

သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်က တရားရုံးအထွက်တွင် သတင်းထောက်များအား ပြောသည်။

တရားရုံးက လာမည့် အောက်တိုဘာ ရက်တွင် ပြန်လည်ချိန်းဆိုထားပြီး စွပ်စွဲခံ ကျောင်းသား ဦးကို စတင်စစ်ဆေးမည်ဖြစ်သည်။

 

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က သင်္ကြန်ကာလအတွင်း သံချပ်ထိုးရာတွင်ဉာဏ်ပညာ အသိပညာ မရှိ၊ နာခံမှုနှင့် အမိန့်သာ ရှိ၊ စစ်ဝတ်စုံပေါ်က ဆုတံဆိပ်များစွာနဲ့ စစ်ဗိုလ်ချုပ်တွေ အိုင်စီစီကိုတန်းပို့၊ အိုင်စီစီကို ကြောက်တဲ့ကောင် နေပြည်တော်ကို ရှောင်၊ အိုင်စီစီကို ကြောက်တဲ့ ဘဝ နေပြည်တော်က အဘစသည့် သံချပ်စာသားများအတွက် တရားစွဲဆိုရခြင်းဖြစ်ကြောင်း တပ်မတော်က တရားရုံးသို့ ဦးတိုက်လျှောက်ထားချက်တွင် ပါရှိသည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ဦးထဲမှ ကိုဇေယျာလွင်ပါဝင်သည့် ဦးမှာ မရမ်းကုန်းမြို့နယ်တရားရုံးတွင်လည်း တရားစွဲခံထားရပြီး ယခုဗိုလ်တထောင်တွင်ပါ ထပ်မံတရားစွဲခံရခြင်း ဖြစ်သည်။

ပုဒ်မ ၅၀၅ (က)မှာ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရားမလေးစားခြင်း၊ ပျက်ကွက်ခြင်း ပြုစေရန် အကြံနှင့် ပတ်သက်၍ ရေးသားဖြန့်ချိမှုဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည်။

Show More

Related Articles

Back to top button