အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်တိုင်းအစိုးရ ကိုယ်စားလှယ် နှင့် စာနယ်ဇင်းကောင်စီ Eleven သတင်းထောက်များအရေး ဆွေးနွေးနေ

Eleven သတင်းဌာနပါ ဆောင်းပါးကိစ္စကို ဆွေးနွေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ကိုယ်စားလှယ် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်သည် ကုန်သည်လမ်းရှိ စာနယ်ဇင်းကောင်စီသို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိလာသည်။

ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ တိုင်းဒေသကြီးအစိုးရသည် Eleven ကိုတရားဆက်စွဲ မစွဲကို ယနေ့တွင် အဖြေပေးမည်ဖြစ်သည်။

Eleven ၏ အောက်တိုဘာ ၈ ရက်နေ့ထုတ် Eleven ဂျာနယ်ပါ ဆောင်းပါးတစ်ပုဒ်ကို ရန်ကုန်တိုင်းအစိုးရက သဘောမကျဖြစ်နေပြီး အယ်ဒီတာ နှစ်ဦးနှင့် ဆောင်းပါးရှင်တို့ကို တရားစွဲထားသည်။

တရားစွဲသည့် နည်းလမ်းထက် စာနယ်ဇင်းကောင်စီမှတစ်ဆင့် ဖြေရှင်းရန် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးက မှတ်ချက်ပြုခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ကိုယ်စားလှယ်များက ကောင်စီသို့ချဉ်းကပ်ခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button