အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

Eleven သတင်းသမားများ ရုံးထုတ်သည့် တရားရုံးရှေ့က ထူးခြားတဲ့ဖက်ရှင်

နိုင်ငံတော် အကြည်ညိုပျက်စေမှုဟု လူသိများသည့် ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅ (ခ) ဖြင့်တရားစွဲခံနေရသည့် Eleven ဂျာနယ်တိုက်မှ သတင်းသမား သုံးဦးကို စစ်ဆေးမည့် တာမွေမြို့နယ်တရားရုံးတွင် Eleven အမာခံပရိသတ်တစ်ဦးက ထူးခြားသည့် စတေကာကပ်အင်္ကျီဖြင့် လာရောက်ဝန်းရံခဲ့သည်။

ရှေ့ဘက်တွင် “ကြည်ညိုပါသည်” ဟု ရေးသားထားပြီး ကျောဘက်တွင် “Eleven သတင်းထောက်သုံးဦး အမြန်လွတ်မြောက်ပါစေ” ဟု စတေကာကပ်ကာ အောင်သပြေများ ကိုင်ဆောင်ရင်း တရားရုံးရှေ့တွင် စောင့်နေခဲ့သည်။

“အမုန်းတရားနဲ့ဖမ်းဆီးတာပဲ။ ကျွန်တော်တို့ပြည်သူတွေရဲ့နားမျက်စိတွေကို ပိတ်ပစ်တာလို့ ယူဆတယ်၊ မတရားဘူး။ အဲဒါကြောင့် လာဝန်းရံတာပါ” ဟု ၎င်းက ဆိုသည်။

Eleven ဂျာနယ်တွင် ပါရှိသော ဆောင်းပါးတစ်ပုဒ်ကြောင့် အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ နရီမင်း၊ သတင်းထောက်ချုပ် ကိုဖြိုးဝေတို့ကို ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ရန်ကုန်တိုင်းဒေသကြီ အစိုးရက တရားစွဲထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button