အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

Eleven သတင်းသမားများ ရုံးထုတ်သည့် တရားရုံးရှေ့က ထူးခြားတဲ့ဖက်ရှင်

နိုင်ငံတော် အကြည်ညိုပျက်စေမှုဟု လူသိများသည့် ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅ (ခ) ဖြင့်တရားစွဲခံနေရသည့် Eleven ဂျာနယ်တိုက်မှ သတင်းသမား သုံးဦးကို စစ်ဆေးမည့် တာမွေမြို့နယ်တရားရုံးတွင် Eleven အမာခံပရိသတ်တစ်ဦးက ထူးခြားသည့် စတေကာကပ်အင်္ကျီဖြင့် လာရောက်ဝန်းရံခဲ့သည်။

ရှေ့ဘက်တွင် “ကြည်ညိုပါသည်” ဟု ရေးသားထားပြီး ကျောဘက်တွင် “Eleven သတင်းထောက်သုံးဦး အမြန်လွတ်မြောက်ပါစေ” ဟု စတေကာကပ်ကာ အောင်သပြေများ ကိုင်ဆောင်ရင်း တရားရုံးရှေ့တွင် စောင့်နေခဲ့သည်။

“အမုန်းတရားနဲ့ဖမ်းဆီးတာပဲ။ ကျွန်တော်တို့ပြည်သူတွေရဲ့နားမျက်စိတွေကို ပိတ်ပစ်တာလို့ ယူဆတယ်၊ မတရားဘူး။ အဲဒါကြောင့် လာဝန်းရံတာပါ” ဟု ၎င်းက ဆိုသည်။

Eleven ဂျာနယ်တွင် ပါရှိသော ဆောင်းပါးတစ်ပုဒ်ကြောင့် အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ နရီမင်း၊ သတင်းထောက်ချုပ် ကိုဖြိုးဝေတို့ကို ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ရန်ကုန်တိုင်းဒေသကြီ အစိုးရက တရားစွဲထားသည်။

Related Articles

Back to top button