အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးဝီရသူတွင် ဘဏ်စာရင်းရှိထားပါက ပိတ်သိမ်းပေးရန် ရဲက ဗဟိုဘဏ်နှင့်ဆွေးနွေး

အဖမ်းမခံဘဲ တိမ်းရှောင်နေသည့် ဦးဝီရသူသည် အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် ဘဏ်စာရင်း ဖွင့်ထားပါက ပိတ်သိမ်းပေးရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဗဟိုဘဏ်နှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း ယနေ့ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး၏ တရားခွင်တွင် ရဲအုပ် ဇော်ဝေလွင်က ရှင်းလင်းတင်ပြခဲ့သည်။

ရဲတပ်ဖွဲ့ဘက်က စုံစမ်းမေးမြန်းမှုအတွက် ဗဟိုဘဏ်ထံမှ အကြောင်းတစ်စုံတစ်ရာ ပြန်ကြားချက် မရရှိသေးကြောင်းလည်း ယနေ့ကြားနာမှုတွင် ဦးဝီရသူကျောင်းတိုက်တည်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်မှ အမှတ် () ရဲစခန်း စခန်းမှူး ရဲအုပ် ဇော်ဝေလွင်က တင်ပြသည်။

ဦးဝီရသူ၏ ဘဏ်စာရင်းနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့နှင့် ဗဟိုဘဏ်တို့အကြား ညှိနှိုင်းမှုအခြေအနေကို ပြန်လည်တင်ပြရန် လာမည့် အောက်တိုဘာ ၂၂ ရက်၊ ၁၀ ကြိမ်မြောက်ရုံးချိန်းသို့ ပြန်လည် ချိန်းဆိုခဲ့သည်။

ဦးဝီရသူ၏ပိုင်ဆိုင်မှုကို ဝရမ်းစွဲကပ်နိုင်ရန် တရားရုံးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ သြဂုတ်လ ရက်မှ စ၍ အောက်တိုဘာ ၂၂ ရက်ထိ ရက်ပေါင်း ၇၄ ရက် အချိန်ပေးထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရဲတပ်ဖွဲ့အနေဖြင့် ဦးဝီရသူ၏ မစိုးရိမ်ကျောင်းတိုက်နှင့် ၎င်းစီးနင်းလေ့ရှိသည့် မော်တော်ယာဉ်ကို ဝရမ်းစွဲကပ်ရန် ဩဂုတ်လ ၁၁ ရက်က သွားရောက်ခဲ့ရာ ကျောင်းရှိ ဆရာတော်များက ဝရမ်းအကပ်မခံဘဲ ထိုပစ္စည်းများမှာ အလှူရှင်က သံဃာကို ရည်စူး၍ ရေစက်ချ လှူဒါန်းထားခြင်းဖြစ်ပြီး ဦးဝီရသူအမည်နှင့် ပိုင်ဆိုင်သော ပစ္စည်းများ မဟုတ်ကြောင်း ဆိုသဖြင့် ရဲတပ်ဖွဲ့က ဝရမ်း မစွဲကပ်နိုင်ခဲ့ကြောင်း ရဲအုပ် ဇော်ဝေလွင်က ရုံးတော်သို့ တင်ပြသည်။

ဦးဝီရသူကို အမြင့်ဆုံးထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်သော နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄က ဖြင့် အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ မေလ ၂၈ ရက်က တရားစွဲဆိုထားခြင်းဖြစ်သည်။

မေလ ရက်က မဟာဗန္ဓုလပန်းခြံ ကားပါကင်နေရာတွင် ဦးဝီရသူသည် အုပ်ချုပ်ရေးအပါအဝင် မဏ္ဍိုင်ကြီးသုံးရပ်ကို စော်ကားဆဲဆိုခြင်း၊ အစိုးရကို မလေးစားအောင်၊ မေတ္တာပျက်အောင် ပြောဆိုခြင်းတို့ လုပ်ဆောင်သည်ဆိုကာ အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက သမ္မတရုံးနှင့် တိုင်းအစိုးရတို့၏ ညွှန်ကြားချက်ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဦးစန်းမင်း၏ ဦးတိုက်လျှောက်ထားချက်တွင် ဦးဝီရသူ၏ တနင်္သာရီတိုင်း၊ မြိတ်မြို့ ဟောပြောချက်များလည်း သက်သေအဖြစ် ပါဝင်ပြီး နိုင်ငံခြားသားနဲ့ တွေ့ရင် ဖင်က ရမ်းချင်သေးတယ်။ ဒေါက်မြင့်ဖိနပ် တစ်ခွပ်ခွပ်နဲ့ လျှောက်ချင်သေးတယ်။ ဒီလောက် သရမ်းချင်တဲ့ဟာကို သမ္မတ တင်ချင်သေးတယ် ဟုလည်းကောင်း၊ ကော်မရှင်ဖွဲ့လည်း ပြင်ပကကောင်တွေပဲ။ အကြံပေးလည်း ပြည်ပက ကောင်တွေပဲ။ အတူအိပ်လည်း ဒါကြီးကိုပဲ သမ္မတ ဖြစ်စေချင်သေးတယ်။ ဒါကြီး သမ္မတဖြစ်မယ်ဆို ကျုပ်တို့ နိုင်ငံနဲ့ ပြည်သူတစ်ရပ်လုံး ကုန်းသာ ပေးလိုက်ကြတော့ စသည့် ပြောဆိုမှုများ ပါဝင်သည်။

ဦးဝီရသူသည် တရာရင်မဆိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ၎င်း၏မျက်ကွယ်တွင် တရားလိုပြသက်သေများ ဦးထိ စစ်ဆေးထားပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၈၇/၈၈ အမိန့်ကြေညာချက်ကိုလည်း ထုတ်ခဲ့သည်။ ၎င်းအမိန့်မှာ ဦးဝီရသူကို ရက်ပေါင်း ၃၀ အတွင်း လာရောက်အဖမ်းခံ၊ ဖြေရှင်းရန် အခွင့်အရေးပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ဦးဝီရသူသည် အမှုစဖွင့်ခံရချိန် မေလ ၂၃ မှစ၍ လေးလနီးပါးကြာ တိမ်းရှောင်နေခြင်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button