အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လှိုင်သာယာဖိနပ်စက်ရုံမှ အလုပ်သမားများ ရန်ကုန်အစိုးရရုံးသို့ချီတက်

အလုပ်ရှင်နှင့် မပြေမလည်ဖြစ်နေခဲ့သည့် ရန်ကုန် လှိုင်သာယာမြို့နယ်ရှိ ဂရိတ်ဝေါ ဖိနပ်စက်ရုံမှ စက်ရုံအလုပ်သမား ၈၀ ခန့်သည် ပြည်လမ်းရှိ ရန်ကုန်တိုင်းအစိုးရုံးသို့ သွားရောက် စုဝေးနေကြသည်။

ဇူလိုင်လကတည်းက လုပ်ငန်းခွင်သို့ ဝင်ခွင့်မရသည့် ၄င်းတို့၏ ပြဿနာကို ဖြေရှင်းပေးမည်ဟု ရန်ကုန်တိုင်းအစိုးရ အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ကတိကဝတ် ပြုခဲ့သော် လည်း အကြောင်းမပြန်သဖြင့် အစိုးရရုံးသို့ လာရောက်ခြင်းဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။

စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမှတဆင့် အစိုးရရုံးသို့ လမ်းလျှောက်လာသည့် ၄င်းတို့အား ပြည်သူ့ဥယျာဉ်အနီးတွင် ရဲများက တားဆီးစစ်ဆေးလျက်ရှိသည်။

အလုပ်သမားများက ၄င်းတို့၏တောင်းဆိုချက် မရပါက အစိုးရရုံးအနီး သပိတ်စခန်းဖွင့်ရန် ဆုံးဖြတ်ထားသည်ဟု ဆန္ဒပြ အလုပ်သမားခေါင်းဆောင် ဦးဇော်မင်းသိန်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button