သတင်း

လှိုင်သာယာဖိနပ်စက်ရုံမှ အလုပ်သမားများ ရန်ကုန်အစိုးရရုံးသို့ချီတက်

အလုပ်ရှင်နှင့် မပြေမလည်ဖြစ်နေခဲ့သည့် ရန်ကုန် လှိုင်သာယာမြို့နယ်ရှိ ဂရိတ်ဝေါ ဖိနပ်စက်ရုံမှ စက်ရုံအလုပ်သမား ၈၀ ခန့်သည် ပြည်လမ်းရှိ ရန်ကုန်တိုင်းအစိုးရုံးသို့ သွားရောက် စုဝေးနေကြသည်။

ဇူလိုင်လကတည်းက လုပ်ငန်းခွင်သို့ ဝင်ခွင့်မရသည့် ၄င်းတို့၏ ပြဿနာကို ဖြေရှင်းပေးမည်ဟု ရန်ကုန်တိုင်းအစိုးရ အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ကတိကဝတ် ပြုခဲ့သော် လည်း အကြောင်းမပြန်သဖြင့် အစိုးရရုံးသို့ လာရောက်ခြင်းဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။

စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမှတဆင့် အစိုးရရုံးသို့ လမ်းလျှောက်လာသည့် ၄င်းတို့အား ပြည်သူ့ဥယျာဉ်အနီးတွင် ရဲများက တားဆီးစစ်ဆေးလျက်ရှိသည်။

အလုပ်သမားများက ၄င်းတို့၏တောင်းဆိုချက် မရပါက အစိုးရရုံးအနီး သပိတ်စခန်းဖွင့်ရန် ဆုံးဖြတ်ထားသည်ဟု ဆန္ဒပြ အလုပ်သမားခေါင်းဆောင် ဦးဇော်မင်းသိန်းက ပြောသည်။

Show More

Related Articles

Back to top button