အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်တိုင်းအစိုးရရုံးရှေ့ သပိတ်စခန်းဖွင့်မည့် အစီအစဉ် ဆန္ဒပြအလုပ်သမားများ စွန့်လွှတ်

အလုပ်ရှင်နှင့် မကျေမလည်ဖြစ်နေသည့် လှိုင်သာယာမြို့နယ်ရှိ ဂရိတ်ဝေါ ဖိနပ်စက်ရုံမှ စက်ရုံအလုပ်သမားတို့က ၄င်းတို့တောင်းဆိုချက်များ မရပါက ရန်ကုန်တိုင်းအစိုးရ ရုံးရှေ့ သပိတ်စခန်းဖွင့်ရန် စီစဉ်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ယင်းအစီအစဉ်ကို စွန့်လွှတ်ခဲ့ကြသည်။

ဇူလိုင်လကတည်းက လုပ်ငန်းခွင်သို့ ဝင်ခွင့်မရသည့် အလုပ်သမားများသည် ရန်ကုန်တိုင်းအစိုးရ အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်နှင့် ဆွေးနွေးခဲ့ကြပြီးနောက် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အလုပ်သမားများ တောင်းဆိုထားသည့် ၄င်းတို့အား အလုပ်ပြန်ခန့်ရန်နှင့် နစ်နာခဲ့သည့် အခွင့်အရေးများ ပြန်လည်ကုစားပေးရန် တောင်းဆိုချက်ကို အစိုးရဘက်က အမြန်ဆုံး အကူအညီပေးမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း ဝန်ကြီးနှင့်ဆွေးနွေးခဲ့ကြသည့် အလုပ်သမားများက ဆိုသည်။

၄င်းတို့သည် လှိုင်သာယာရှိ စက်ရုံရှေ့သပိတ်စခန်းကို ပြန်မည်ဖြစ်ပြီး သီတင်းကျွတ်ရုံးပိတ်ရက်အပြီး အစိုးရအရာရှိများ၏ ကြားဝင်ညှိနှိုင်းမှုကို စောင့်ဆိုင်းကြမည်ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button