အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာပြည်မှ Facebook နှင့် Instagram စာမျက်နှာပေါင်း ၂၀၀ ကျော်ကို ဖယ်ရှား

မြန်မာနိုင်ငံထဲမှအစပြုသည့် “ချိန်သားကိုက်ထားသော လုပ်ကြံထားမှု” တွင် ပါဝင်ပတ်သက်သောကြောင့် ဟုဆိုကာ လူမှုကွန်ရက် Facebook ပေါ်ရှိ သုံးစွဲသူ ၈၉ ဦး၊ သီးခြားစာမျက်နှာ ၁၀၇ ခု၊ ဂရု(ပ်) ဟုခေါ်သော စကားဝိုင်း ၁၅ ခုနှင့် ဓာတ်ပုံသီးသန့်ကွန်ရက်ဖြစ်သော Instagram ပေါ်ရှိ အမည်စာရင်း ခုတို့ကို ဖယ်ရှားလိုက်ကြောင်း Facebook ကုမ္ပဏီက သြဂုတ်လ ၂၁ ရက် နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

ဖယ်ရှားခံရသည့် Facebook စာမျက်နှာများကို Follow လုပ်ထားသူ (မှာယူဖတ်ရှုသူ) ပေါင်း ကိုးသိန်းခန့်ရှိပြီး၊ ဂရု(ပ်)များတွင် အဖွဲ့ဝင်ဖြစ်ထားသူပေါင်း ၆၇,၀၀၀ ခန့်နှင့် Instagram အမည်စာရင်းများကို Follow လုပ်ထားသူ ၄၀၀ ခန့် ရှိသည်ဟု သိရသည်။

ယင်း Facebook သုံးစွဲသူများ၊ စာမျက်နှာများနှင့် ဂရု(ပ်)များသည် အမည်တုများ အသုံးပြုကာ သတင်းဌာနများ၏ တရားဝင်သတင်းများနှင့် ဖျော်ဖြေရေးဆိုင်ရာ အကြောင်းအရာများကို မူလရည်ရွယ်ချက်နှင့် သွေဖည်ပြီး ပြန်လည်တင်ခြင်း၊ ပြည်တွင်းပြည်ပဆိုင်ရာ မှုခင်းများ၊ တိုင်းရင်းသားရေးရာနှင့် လူသိများသူတို့ အကြောင်းများကို တင်ခြင်းတို့ကို လုပ်ဆောင်လေ့ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ယင်းလှုပ်ရှားမှုများကို လုပ်ဆောင်သူတို့သည် ၎င်းတို့၏ဥပဓိအမှန်ကို ဖုံးကွယ်ရန် ကြိုးစားသော်လည်း အချို့ လုပ်ဆောင်မှုများသည် မြန်မာစစ်တပ်နှင့် သက်ဆိုင်သူများနှင့် အချိတ်အဆက်ရှိနေကြောင်း စုံစမ်းတွေ့ရှိရသည်ဟု Facebook က ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယင်းအကောင့်များနှင့် စာမျက်နှာများသည် Facebook တွင် အမေရိကန်ဒေါ်လာ ,၂၀၀ ထက် မများသော ငွေကြေးပမာဏကို ကြော်ငြာစရိတ်အတွက် သုံးခဲ့သည်ဟုလည်း Facebook က ထုတ်ပြန်ချက်တွင် ဖွင့်ဟပြောဆိုထားသည်။

ဖယ်ရှားခံရသည့် Facebook စာမျက်နှာအချို့ မဖျက်သိမ်းမီက ရိုက်ယူထားသော ရုပ်ပုံ

ဖယ်ရှားခံရသည့် ပုဂ္ဂိုလ်များနှင့် စာမျက်နှာများ၏ အမည်စာရင်းအသေးစိတ်အတွက် Facebook မြန်မာပြည်ဆိုင်ရာ အများပြည်သူမူဝါဒဌာန၏ တာဝန်ရှိသူကို Myanmar Now က ဆက်သွယ်တောင်းခံခဲ့သော်လည်း မရရှိခဲ့ပါ။

သို့သော် ဖယ်ရှားခံရသည့် Facebook စာမျက်နှာများထဲတွင် Myanmar Media Watch မြန်မာမွတ်စလင်သတင်း၊ သတင်းရပ်ဝန်း၊ တိုင်းရင်းသားဒေသသတင်းများ၊ တအာင်းသတင်းများစုစည်းမှု အစရှိသည်တို့ ပါဝင်ကြောင်း ယင်းစာမျက်နှာများက တင်လေ့ရှိသည့် အကြောင်းအရာအချို့ကို စခရင်ဓာတ်ပုံရိုက်ကာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့်တစ်နှစ်တိတိကလည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း ၂၀ ကို Facebook က အသုံးပြုခွင့် ပိတ်ခဲ့သည်။ ထို့အပြင် လူမှုကွန်ရက်တွင် မမှန်မကန်သော လုပ်ဆောင်မှုများကြောင့် ဟုဆိုကာ ဘာလာလာဝုန်းပေါ့ပေါ့ပါးပါးရယ်ကြမယ်မြန်မာအွန်လိုင်းသတင်းစုံအစရှိသည်တို့ အပါအဝင် Facebook စာမျက်နှာပေါင်း ၄၀၀ ကျော်၊ လူပုဂ္ဂိုလ် ၁၃၅ ဦးနှင့် Instagram နာမည် ၁၅ ခုကိုလည်း လပိုင်းအကြာတွင် ထပ်မံဖယ်ရှားခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button