အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်တပ်က ကွန်မန့်တိုက်ပွဲ ဘယ်လိုဆင်နွှဲနေသလဲ

အာဏာသိမ်းဗိုလ်ချုပ်များက မြန်မာနိုင်ငံတွင် လူသုံးအများဆုံးသော အွန်လိုင်းလူမှုကွန်ရက် မီဒီယာဖြစ်သည့် Facebook တွင်  အကောင့်အတုများဖွင့်ကာ အုပ်စုလိုက် မှတ်ချက်များ (ကွန်မန့်များ) ရေးသားစေပြီး၊ ၎င်းတို့၏ ဝါဒဖြန့် စစ်ဆင်ရေးကို စနစ်တကျ ဆောင်ရွက်နေသည်ဟူသော အထောက်အထားများကို Myanmar Now သတင်းဌာနက ရရှိထားသည်။

အာဏာသိမ်းဗိုလ်ချုပ်များက မြန်မာနိုင်ငံတွင် လူသုံးအများဆုံးသော အွန်လိုင်းလူမှုကွန်ရက် မီဒီယာဖြစ်သည့် Facebook တွင်  အကောင့်အတုများဖွင့်ကာ အုပ်စုလိုက် မှတ်ချက်များ (ကွန်မန့်များ) ရေးသားစေပြီး၊ ၎င်းတို့၏ ဝါဒဖြန့် စစ်ဆင်ရေးကို စနစ်တကျ ဆောင်ရွက်နေသည်ဟူသော အထောက်အထားများကို Myanmar Now သတင်းဌာနက ရရှိထားသည်။

အာဏာမသိမ်းခင်ကတည်းက စစ်တပ်သည်   Facebook ကို အသုံးပြု၍ ဝါဒဖြန့်ခဲ့ကြောင်း ယေဘုယျသိရှိထားပြီးဖြစ်သည်။ သို့သော် ၎င်းတို့၏ ပုံရိပ် မြှင့်တင်ရေး၊ အတိုက်အခံအင်အားစုဟု ယူဆသူများကို ပြည်သူလူထု မနှစ်မြို့ကြောင်း ပုံဖော်သည့် စိတ်ဓာတ်စစ်ဆင်ရေးအတွက် ထိုသို့ ပြုလုပ်နေကြောင်း ခိုင်မာသည့်အထောက်အထားများ ပထမဆုံးအကြိမ်ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ 

စစ်တပ်အတွက် ကွန်မန့်ကမ်ပိန်း လှုပ်ရှားမှုကို ကြိုးကိုင် ဦးဆောင်နေသူမှာ ပြန်ကြားရေးဝန်ကြီးဌာနတွင် ၂၀၂၂ က အသစ်ဖွဲ့စည်းလိုက်သည့် ‘မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန’ ၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသူ ဒေါ်သီတာတင် ဖြစ်သည်။ ၎င်း၏ ခင်ပွန်းမှာ စစ်အာဏာရှင်အဆက်ဆက် စစ်တပ်အတွက် ဝါဒဖြန့်ချိရေးလှုပ်ရှားမှုများတွင် ပါဝင်နေသူ တပ်မတော်အရာရှိဟောင်း ဦးကိုကိုလှိုင်ဖြစ်သည်။ ၎င်းသည် အာဏာရှင်ဟောင်းသန်းရွှေလက်ထက်တွင် စစ်တပ်ကို ကာကွယ်သည့် ရေးသားချက်များကို နိုင်ငံပိုင်သတင်းစာများတွင် ရေးသားခဲ့သူဖြစ်သည်။ 

အထူးသဖြင့် Myanmar Now အပါအဝင် လွတ်လပ်သောသတင်းဌာနများကို စောင့်ကြည့်ခိုင်းကာ စစ်တပ်ကို သိက္ခာကျစေသည့် သတင်းများတက်လာပါက ချက်ချင်းတုံ့ပြန်ရေးသားရန် အထက်က ညွှန်ကြားထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“တစ်ယောက်ကို အကောင့်တု နှစ်ခု၊ သုံးခု ဖွင့်ရတယ်” ဟု အထက်ပါအခြေအနေကို သိရှိသည့် နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိက Myanmar Now ကို ပြောသည်။ 

“မနက်မိုးလင်းရင် ဘယ်သူက ဧရာဝတီနဲ့ မဇ္ဈိမကြည့်၊ ဘယ်သူက ဘာကြည့်ဆိုပြီး ချပေးထားတယ်။ ဘာ(သတင်း)တွေတက်လဲ၊ တက်တဲ့အထဲမှာမှ နည်းနည်း ဟိုဟာဖြစ်မယ်ဆိုရင် အဲ့ဒီအောက်မှာ သွားရေးကြတယ်” ဟု အထက်ပါ ပြန်ကြားရေးဝန်ထမ်းအရာရှိက ဆိုသည်။

အာဏာသိမ်းစစ်တပ်က ကွန်မန့်လှုပ်ရှားမှုများအတွက်   အမြဲတမ်း ဝန်ထမ်းသစ်များ ရှာဖွေနေသော်လည်း လုံလောက်သော လူအင်အားမရသဖြင့် စစ်တပ်မိသားစုဝင်များ၊ ကြံ့ခိုင်ရေးပါတီဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို နေ့စားလုပ်သားအဖြစ် ခေါ်ယူပြီး ထိုလှုပ်ရှားမှုများကို ဝန်ထမ်းအင်အား တစ်သောင်းဖြင့် လည်ပတ်ရန်  ရည်မှန်းထားကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button