အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်မတော်နှင့် ဆက်နွှယ်နေသော မြန်မာစာမျက်နှာများကို Facebook ဖျက်သိမ်း

 ကမ္ဘာကျော် လူမှုကွန်ရက် Facebook ကုမ္ပဏီသည် မြန်မာ့တပ်မတော်နှင့် ဆက်နွှယ်သည်ဟု ဆိုသော နောက်ထပ်စာမျက်နှာ ရာဂဏန်းမျှကို ထပ်မံဖယ်ရှားလိုက်သည်ဟု ယမန်နေ့က သတင်းထုတ်ပြန်သည်။

“ဇာတ်တိုက်ထားသော မရိုးမသား အပြုအမူများ” ပြုလုပ်သည်၊ နိုင်ငံ၏စစ်တပ်နှင့် ဆက်နွှယ်မှု ရှိသည်ဟုဆိုကာ ၎င်း၏ကွန်ရက်ပေါ်ရှိ တစ်ကိုယ်ရေသုံးမှတ်စု (account) များ၊ ပရိသတ်ရှာဖွေသည့် စာမျက်နှာ (page) များနှင့် အကြိုက်တူသူချင်း ဆုံစည်းရာ (group) များ ရာဂဏန်းကို ဖယ်ရှားခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

နိုင်ငံအတွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များအပေါ် အကြမ်းဖက်မှုများကြား မုန်းတီးရေးစကားများကို အရေးယူခြင်း မရှိသောကြောင့် ဝေဖန်ခံရချိန်တွင် အင်အားကြီး ဆိုရှယ်မီဒီယာဖြစ်သော Facebook သည် မြန်မာစစ်တပ်ခေါင်းဆောင်၏ account အပါအဝင် account အတော်များများကို ယခင်က ဖျက်သိမ်းခဲ့ဖူးသည်။

Facebook ပေါ်ရှိ page ၄၂၅ ခု၊ group ၁၇ ခုနှင့် account ၁၃၅ ခုတို့ကို ၎င်း၏ကွန်ရက်မှ ဖျက်သိမ်းခဲ့ပြီး Instagram ဟုခေါ်သည့် ဓာတ်ပုံသီးသန့်တင်သည့် ကွက်ရက်ပေါ်မှ account ပေါင်း ၁၅ ခုကို ဖယ်ရှားခဲ့ကြောင်း Facebook က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက် အစစ်အမှန်ကိုမတင်ဘဲ လိမ်ညာသုံးစွဲနေကြသည့် စာမျက်နှာများကိုလည်း ဆက်လက် စုံစမ်းနေသည်ဟု Facebook ကပြောသည်။

အပိတ်ခံရသည့် စာမျက်နှာများတွင် “မြန်မာစစ်တပ်နှင့် ဆက်နွှယ်နေသည့် အလွတ်သတင်းများ၊ ဖျော်ဖြေရေး၊ အလှအပနှင့် လူနေမှုဆိုင်ရာ စာမျက်နှာများ”နှင့် ဩဂုတ်လက ပယ်ဖျက်ခဲ့သည့် စာမျက်နှာများ ပါဝင်သည်ဟု Facebook က ပြောသည်။

ထိုသတင်းနှင့် ပတ်သက်၍ ထင်မြင်ချက်ရယူရန် မြန်မာအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ဖုန်းဆက်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပါ။

“လူမျိုးသုဉ်းစေရန်ရည်ရွယ်ချက်” ဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ မုဒိမ်းမှုကျူးလွန်မှုများအတွက် မြန်မာစစ်ဗိုလ်ချုပ်များကို အရေးယူရန် ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့ ဖွဲ့ပြီးနောက် ဩဂုတ်လတွင် မြန်မာရှိ စာမျက်နှာများကို ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

ရိုဟင်ဂျာသောင်းကျန်းသူများ၏ တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်သည့် အနေဖြင့် ၂၀၁၇ ခုနှစ်တွင် မြန်မာ့တပ်မတော်က ရခိုင်ပြည်နယ်ကို စစ်ဆင်ရေးဝင်ခဲ့ရာ မွတ်စလင်ပေါင်း ၇၃၀,၀၀၀ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ခဲ့သည်။

လူနည်းစု ရိုဟင်ဂျာများကို တိုက်ခိုက်ရန် လှုံ့ဆော်သည့် ရေးသားချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများက Facebook ကို အကြိမ်များစွာ သတိပေးခဲ့သော်လည်း ချက်ချင်း အရေးတယူပြုခဲ့ခြင်း မရှိကြောင်းကို ရိုက်တာ၏ ဩဂုတ်လထုတ် အထူးသတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

မြန်မာရှိ မုန်းတီးရေးလှုံ့ဆော်သည့် အရေးအသားများကို အရေးယူရန် ပျက်ကွက်သည်ဟု ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေးအဖွဲ့သည် Facebook ကိုသာ ကွက်၍ အပြစ်တင် ခဲ့သည်။

၎င်းက ထုတ်ပြန်ခဲ့သည့် လူ့အခွင့်အရေးအစီရင်ခံစာအရ မြန်မာပြည်တွင် အကြမ်းဖက်မှုများကို လှုံ့ဆော်ရန် ၎င်း၏ဆိုရှယ်ကွန်ရက်ကို အသုံးပြုခြင်းမှ ကာကွယ်ရန် အလုံအလောက် လုပ်ဆောင်ခဲ့ခြင်းမရှိပါ ဟု Facebook က နိုဝင်ဘာလအတွင်း ဝန်ခံခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button