သတင်း

တပ်နှင့် စစ်ဆင်ရေးများတွင် မပါဝင်ရန် ရဲတပ်ဖွဲ့ကို AA ခြိမ်းခြောက်သတိပေး

တပ်နှင့် ပူးပေါင်းစစ်ဆင်ရေးများတွင် မပါဝင်ရန် ရဲတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော် AA က သတိပေးလိုက်ပြီး လိုက်နာခြင်းမရှိပါက စစ်ရေးအရ တုံ့ပြန်သွားမည်ဟုလည်း ခြိမ်းခြောက်လိုက်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား(ထပ်မံ) သတိပေးခြင်းဟု ခေါင်းစဉ်တပ်ပြီး ဩဂုတ်လ ၁၂ ရက်စွဲဖြင့် AA က ယင်းကဲ့သို့ ထုတ်ပြန် သတိပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တပ်မတော်၏ လက်နက် နှင့် တပ်အပြောင်းအရွှေ့များတွင် ရဲကားများ အသုံးပြုခြင်း၊ စစ်သားများက ရဲဝတ်စုံများဝတ်ကာ သွားလာနေခြင်း၊ ရွာသားများအား ဖမ်းဆီးနှိပ်စက်ပြီး ပိုင်ဆိုင်မှုများအား ယူဆောင်နေကြောင်းလည်း AA က စွပ်စွဲထားသည်။

ရဲစခန်းများအတွင်း လက်နက်ကြီးများအခြေစိုက်ကာ ပစ်ကူများပေးခြင်း၊ တပ်မတော်၏ ထောက်ပို့စခန်းများအဖြစ် ရဲစခန်းများကို အသုံးပြုခွင့်ပေးခြင်း၊ ရခိုင်ပြည်သူများကို ဖမ်းဆီး၊ နှိပ်စက်ခြင်းများကို ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က လုပ်ဆောင်နေကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြောသည်။

ရဲအလုပ်ကို ရဲမလုပ်ဘဲနဲ့ ဆက်လက်ပြီး ပြည်သူတွေကို ဖိနှိပ်အနိုင်ကျင့်၊ မတရားသတ်ဖြတ်မှုတွေမှာ သူတို့ပါဝင်ပတ်သက်နေမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့လည်း မလွှဲမရှောင်သာ အရေးယူဆောင်ရွက်မှုတွေ လုပ်ရမဲ့အပိုင်းတွေရှိတယ်ဟု ခိုင်သုခက ပြောသည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးရဲ၊ နယ်ခြားစောင့်ရဲ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များရှိပြီး ၎င်းတို့နယ်မြေရဲတပ်ဖွဲ့ဝင်များတွင် လက်နက်ကြီးပစ်ကူစခန်းများမရှိသလို တပ်မတော်သားများက ရဲတပ်ဖွဲ့ဝတ်စုံများဝတ်ကာ တိုက်ခိုက်နေခြင်းလည်းမရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက Myanmar Now ကို ပြောသည်။

ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေကတော့ ရဲအလုပ်ရဲလုပ်နေတာပဲ။ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ စောင့်ရှောက်တာပဲ။ တရားမဝင်တဲ့အဖွဲ့အစည်းတွေကိုလည်း အရေးယူတာတွေ တရားစွဲဆိုတာတွေ ပေါ်ပေါက်လာရင်တော့ လုပ်ရမှာပဲ ” ဟု ရဲမှူးကြီးကြည်လင်းက ပြောသည်။

ထို့အပြင် ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်ပြီး တစ်ဖက်သတ်စွပ်စွဲခြင်း၊ မတရားဖမ်းဆီးခြင်းများ မရှိရလေအောင် သေချာစိစစ်ပြီး လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို သတိပေးသည့်စာတစ်စောင်ကို AA က ကျန်ခဲ့သည့် ဖေဖော်ဝါရီ ရက်နေ့က တစ်ကြိမ် ထုတ်ပြန်ခဲ့ဖူးသည်။

ရဲတပ်ဖွဲ့ဝင်များကို ပထမဆုံးတိုက်ခိုက်မှုအဖြစ် ယခုနှစ်အစ ဇန်နဝါရီ ရက်နေ့(လွတ်လပ်ရေးနေ့)တွင် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်း ခုဖြစ်သည့် ကျောင်းတောင်၊ ခထီးလှ၊ ငမြင်းဘော်နှင့် ဂုတ်ပီစသည့် စခန်းများကို AA က ဝင်ရောက်တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ကို တပ်မတော်နှင့် ခပ်ကင်းကင်းနေရန် သတိပေးခဲ့သည်။

ထို့နောက် မတ်လထဲတွင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲစခန်း၊ ဧပြီလတွင် မြောက်ဦးမြို့နယ် ရဲတပ်ရင်း(၃၁)တို့ကို့ တိုက်ခိုက်ပြီး တိုက်ခိုက်မှုတိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရမှုများ ရှိခဲ့သည်။ နောက်ဆုံးအကြိမ်အဖြစ် ဇူလိုင်လ ၂၆ ရက်နေ့က ဘူးသီးတောင်မြို့နယ် ညောင်ချောင်းရဲစခန်းကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် ဦး ဒဏ်ရာရခဲ့သည်။

Show More

Related Articles

Back to top button