အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေပေါက်ကံ သက်ငယ်မုဒိမ်းမှုတွင် ဖမ်းဆီးခံထားရသည့် ကိုရင်ကြီးက စွပ်စွဲချက်များကို ငြင်းဆန်

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်တွင် နှစ် လအရွယ် မိန်းကလေးတစ်ဦး ဇူလိုင်လအတွင်းက လိင်အမြတ်ထုတ်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံထားရသည့် ကိုရင်ကြီး ရှင်ဥတ္တရ (ခေါ်) ဇေယျာလင်းက သူ့အပေါ်စွပ်စွဲချက်များအား ယနေ့တရားခွင်တွင် ငြင်းဆန်ခဲ့သည်။

ပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်ခံထားရသည့် ကိုရင်ကြီး(ခေါ်) ဇေယျာလင်းက သူ၏အင်္ဂါအတွင်း ဂေါ်လီထည့်ထားသဖြင့်ကလေးအား အဓမ္မပြုကျင့်ပါက ကလေးသေဆုံးသွားနိုင်ကြောင်းနှင့် ၎င်းတွင် ပန်းသေပန်းညှိုးရောဂါလည်းရှိကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ ယနေ့တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

ကလေးငယ်တို့မိသားစုသည် ရွှေပေါက်ကံရှိ ကိုရင်ကြီးသီတင်းသုံးသည့် ဘုန်းကြီးကျောင်းနှင့် ကပ်လျက်ကျောင်းဝင်းထဲ၌ အခန်းတစ်ခန်းတွင် ရေသန့်လုပ်ငန်းလုပ်ကိုင် နေထိုင်သည်မှာ တစ်နှစ်ရှိပြီဖြစ်ပြီး၊ အဆိုပါ ကိုရင်ကြီးသည် ကလေးငယ်ကို ချစ်၍ဟုဆိုကာ မကြာခဏ လာတတ်သူဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ကလေးငယ်ကို ၎င်း၏အစ်ကိုနှင့်အတူ ရုံးခန်းအတွင်း၌ သိပ်ထားခဲ့ရာ ညပိုင်းတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

နောက်တစ်ရက်နံနက်ပိုင်းတွင် ကလေးကို ဘုန်းကြီးကျောင်းအနီး ကိုင်းတောထဲမှ ဒဏ်ရာများနှင့် ပြန်လည်တွေ့ရှိခဲ့ပြီး အရေးပေါ်အခြေအနေဖြင့် ဆေးကုသမှုခံယူခဲ့ရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယင်းနေ့တွင်ပင် ကလေးငယ်အား လိင်အမြတ်ထုတ်ခဲ့သည်ဟု သံသယရှိသည့် အဆိုပါဘုန်းကြီးကျောင်းမှ အသက် ၃၉ နှစ် အရွယ် ကိုရင်ကြီး ရှင်ဥတ္တရအား ကျောင်းထိုင်ဆရာတော်က သိက္ခာချ လူဝတ်လဲပေးပြီး ရဲကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုရင်ကြီးအား ယခုကဲ့သို့တိုင်ကြားခဲ့ခြင်းမှာ အခင်းမဖြစ်ခင် ရက်ခန့်အလိုက ကလေးငယ်အား ခေါ်သွားခဲ့ပြီး မိနစ်ခန့်အကြာတွင် ကလေးငယ်၏ ကြောက်အားလန့်အားငိုသံ ကြားရသဖြင့် ကလေးငယ်အား ကိုရင်ကြီးထံမှ ပြန်လည်ခေါ်ယူခဲ့ကြောင်း၊ ထိုနေ့ညကတည်းက ကလေးငယ်မှာ အချီမခံဘဲ နာကျင်နေသည့်အမူအရာ တွေ့ရကြောင်း ကလေးငယ်ဆီးသွားရာမှာလည်း အထွက်နည်းပြီး မိန်းမကိုယ်မှာ ရောင်ရမ်းနေကြောင်း ကလေးမိဘများက ယနေ့တရားရုံးတွင် ထွက်ဆိုခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button