သတင်း

ရသေ့တောင်မြို့နယ် ရက်ခုန်တိုင်ရွာကို တပ်က စစ်ဆေးနေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရက်ခုန်တိုင်ရွာ(သမီးလှရွာဟောင်း)သို့ ယမန်နေ့ ညနေတွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်ကာ ရွာသား ၁၀၀ ကျော်ကို ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးခင်မောင်လတ်က ယနေ့(ဩဂုတ် ရက်) ပြောသည်။

ဩဂုတ် ရက်နေ့ ညနေ နာရီခန့်တွင် တပ်မတော်သားများက ရက်ခုန်တိုင်ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်လာသောကြောင့် ရွာသားအတော်များများက ထွက်ပြေးသွားကြပြီး ရွာအတွင်းကျန်ရှိခဲ့သည့် ထိန်းသိမ်းခံရွာသားများနှင့်လည်း အဆက်အသွယ်ပြတ်တောက်နေကြောင်း ဦးခင်မောင်လတ်က ပြောသည်။

ဒီနေ့မနက် နောက်ဆုံးရတဲ့အဆက်အသွယ်က ဘုန်းကြီးကျောင်းကိုလာနေကြပြီး ဖုန်းဆက်လို့မရတော့ဘူးဆိုပြီး ဖုန်းချသွားတာပဲဟု ၎င်းကပြောသည်။

တပ်မတော်စစ်ကြောင်းများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ရက်ခုန်တိုင်ရွာအတွင်း ဝင်ရောက်စစ်ဆေးနေသည်မှာ မှန်သော်လည်း သေနတ်ပစ်ဖောက်ခဲ့ခြင်းမရှိကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Nowကို ပြောသည်။

ရသေ့တောင်မြို့၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ မယူမြစ်၏ အရှေ့ဘက်ကမ်းတွင်ရှိသည့် ရက်ခုန်တိုင်ရွာတွင် အိပ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၅၀၀ကျော် ရှိသည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ပေးပို့သည့် တိုင်ကြားစာ(ဓာတ်ပုံ-ခင်မောင်လတ်)

ရွာအတွင်း အသက် ၄၀ ကျော်အရွယ်ရှိသည့် အမျိုးသမီးတစ်ဦး၏ နာရေးရှိနေပြီး ကျေးရွာသားများ ထိန်းသိမ်းခံနေရသည့်အတွက် အသုဘချနိုင်ခြင်းမရှိသေးဘဲ ထိန်းသိမ်းခံနေရသည့် ရွာများမှာလည်း စားသောက်ရေးခက်ခဲနေသည်ဟု ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးတင်မောင်ဝင်းက ပြောသည်။

ထိန်းသိမ်းစစ်ဆေးမှု ပြုလုပ်ခံနေရသည့် ရက်ခုန်တိုင်ရွာသားများအတွက် အကူအညီများပေးနိုင်ရန်နှင့် အသုဘချနိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြထံသို့ Email ပို့ တောင်းဆိုထားကြောင်း ဦးတင်မောင်ဝင်းက ဆက်လက်ပြောသည်။

ယမန်နေ့ ညနေပိုင်းက ရက်ခုန်တိုင်ရွာအနီးမှ သေနတ်ပစ်ဖောက်သံများကို ရက်ခုန်တိုင်ရွာနှင့် ရွာချင်းကပ်လျက်တွင်ရှိသည့် သမီးလှရွာသစ်မှ ကြားရကြောင်း အဆိုပါရွာသား ကိုလူသစ်က ပြောသည်။

ရက်ခုန်တိုင်ကျေးရွာနှင့် ကပ်လျက်တွင်ရှိသည့် သမီးလှရွာသစ်အနီးတွင် ကျန်ခဲ့သည့် ဇန်နဝါရီလက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အဆိုပါရွာရှိ အသက် နှစ်အရွယ် ကလေးငယ် မောင်နိုင်စိုးမှာ ဦးခေါင်းတွင် သေနတ်ထိမှန် ဒဏ်ရာရရှိပြီး သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button